စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကေအဲန်ယူ - စည်ရုံးရေးနှင့်သတင်းပြန်ကြားရေးဌာန (ဗဟို)မှ FRT - Federal Refresher Training သင်တန်းတစ်ခုဖွင့်လှစ်ပြီးစီးခြင်း။


၁၈ မေ ၂၀၂၂ ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး စည်းရုံးရေး နှင့် ပြန်ကြားရေးဌာန ( ဗဟို ) အောက်ရှိ ဖွဲ့စည်းတည်ဆောက်ရေး နှင့် ပညာပေးရေးဌာနခွဲမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် မေလ အတွင်းတွင် ( FRT - Federal Refresher Training ) သင်တန်းတစ်ခုကို ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနေရာတစ်နေရာ၌ ပြုလုပ်ခဲ့ပါသည်။
ထိုသင်တန်းကို မြန်မာပြည်အတွင်းရှိ ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံမှ လူငယ်များ နှင့် ကေအဲန်ယူ - ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်လူငယ်များမှ တက်ရောက်ခဲ့ကြပြီး လေ့လာသူများအပါအဝင် စုစုပေါင်းသင်တန်းသားဦးရေ ( ၂၂ ) ဦး တက်‌ ရောက်ခဲ့ပါသည်။
သင်တန်းဆရာများအဖြစ် ပဒို စောလှထွန်း၊ ပဒို စောပိုပိုထူးအောင်၊ ပဒို စောသမိန်ထွန်း နှင့် ဆရာ အယ်ကတာ စသည်တို့ဖြစ်ကြပြီး သင်ကြားပို့ပေးသွားသည်များမှာ အစိုးရစနစ်အမျိုးမျိုး၊ ဒီမိုက ရေစီဆိုတာဘာလဲ၊ဘာကြောင့်ဒီမိုကရေစီကျင့်သုံးသင့်သလဲ၊ဒီမိုကရေစီစနစ်အောက်ရှိကောင်းမွန်သောအုပ်ချုပ်မှစံနှုန်းများ၊လက်တွေ့အသုံးချဖက်ဒရယ်ဝါဒမိတ်ဆက်၊ဖက်ဒရယ်ဝါဒဆိုတာဘာလဲ၊Comparative politics( different between the concept of Federation, Confederation and Independence)၊ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင် တော် လှန်ရေး၊ KNU ၏အခြေခံလမ်းစဥ် /လုပ်ငန်းစဉ် ၊ လက်ရှိနိုင်ငံရေးအခြေအနေ စသည်တို့ဖြစ်ကြသည်။
ပဒို စောသမိန်ထွန်းမှ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်တော်လှန်ရေးအကြောင်းပို့ချသင်ကြားခဲ့ပြီး ပဒို စောပိုပိုထူးအောင်မှ KNU ၏အခြေခံလမ်းစဥ် /လုပ်ငန်း စဉ်များကိုရှင်းလင်းခဲ့ပြီး ပဒို စောလှထွန်းမှ လက်ရှိနိုင်ငံရေးအခြေအနေ နှင့် နိုင်ငံရေး အခင်းအကျင်းများကို ပို့ချသင်ကြားပေးခဲ့ပါသည်။
ဤသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် မှာ အနာဂတ်ခေါင်းဆောင် လူငယ်များ မြန်မာ့နိုင်ငံရေး အခင်းအကျင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ နိုင်ငံရေး ကြိုးပမ်း ချက်များ ၊ မျှော်လင့်ချက်များ နှင့် ရပ်တည်မှုများကို သိရှိရန် နှင့်ဆက်လက်တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အခြေခံ အင်္ဂါရပ်များ၊ မူများနှင့် ကိုက်ညီအောင် မည်သို့တည် ဆောက် သွားရမည်ကိုသိရှိရန် ဖြစ်သည်။