စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကရင်လူမှုအဖွဲ့အစည်းများနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဌာနဆိုင်ရာခေါင်းဆောင်များ၊ က လေးသူငယ်များ၏ အခွင့်အရေး နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ။


၂ ဇွန် ၂၀၂၂ ကေအဲန်ယူ-ဗဟို ၂၀၂၂ ခုနှစ်
မေလ ၃၁ နှင့် ၃၂ နေ့တွင် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန နှင့် ကရင်အမျိုးသမီးအဖွဲ့ တို့ ဦးစီးစီစဉ်၍ ကလေးသူငယ်များ၏ အခွင့်အရေး နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းကရင်နယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ကလေး သူငယ်များ၏ အခွင့်အေရေး ကိုမြှင့်တင်ရန်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရသူများ ရသင့်ရထိုက်သော အခွင့်အရေး နှင့် ကူညီစောင့်ရှောက်မှု ရရှိရေး တို့ဖြစ်ကြသည်။

ဤအစည်းဝေးပွဲသို့ ကရင်လူမှုအဖွွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး၏ သက်ဆိုင် ဌာန (၁၁) ခု မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး စုစုပေါင်း ၂၀ ဦး တက်ရောက်၍ မိမိတို့၏ သက်ဆိုင်ရာဌာနမအသီးသီးမှ ရင်ဆိုင်ကြုံတွေ့ ရသော အခက်ခဲများနှင့် အတွေ့ အကြုံ်များကို ဝေမျှခဲ့ကြပါသည်။

ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်းရှိ ပြည်သူလူထုများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မဖြစ်ပွား စေ ရေးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါက မည်သို့တိုင်ကြားရမည်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ဆိုင်သော တရားဥပဒေမည်သို့ရှိကြောင်းကို အသိပညာ ပေးရန်လို အပ်ပါသည်။ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့်ဆိုင်သော အသိပညာပေးခြင်း အားနည်း သည့်အတွက်ကြောင့် အချို့သော နေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့၍ အချိန်နှင့် တပြေးညီ တိုင်တန်းမှုများပြုလုပ်သင့်သော်လည်း တင်ပြမှုမရှိသည့်အပြင် ဖုံးဖိ ကွယ်ပျောက်သွားသဖြင့် အကြမ်းဖက်မှု ခံရသောသူများ ရသင့်ရထိုက်သော အမှန်တရားများ၊ အခွင့်အရေးနှင့် ကူညီစောင့်ရှောက်မှုများကို မရတော့ပေ။ ထို့ပြင် အချို့ သောနေရာများတွင် စစ်ပွဲများဖြစ်ပွားသဖြင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသောကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းရန်အခက်အများရှိခဲ့ပါသည်။

ထို့အတူ တရားဥပဒေဆိုင်ရာ ကျင့်ထုံးများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တရားစီရင်ရေးတာဝန်ယူထားသည့် နယ်မြေခံခေါင်း ဆောင်များအား တရားစီရေရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာသင်တန်းများ ပေးပို့ရန်လိုအပ်ပါသည်။

အခက်အခဲများနှင့် အားနည်းချက်အားအမျိုးအမျိုးရှိခဲ့သော်လည်း ကရင်လူမှုအဖွဲ့ အစည်းများမှ ကြိုးစား အား ထုတ်၍ လိင်ပို်င်းဆို်င်ရာအကြမ်းဖက်မှုခံရသူများအတွက် အကာအကွယ်ရရှိရေးနှင့် ပေါ်လ်စီများနှင့် လုပ်ထုံး လုပ်နည်းနှင့် အညီ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ဤအစည်းအဝေးအတွင်းတွင် ကရင် ဥပဒေအထောက်အကူပြုအဖွဲ့ (KLAC) မှ ဦးဆောင်၍ တက် ရောက်လာ သော ခေါင်းဆောင်ကိုယ်စားလှယ်များကို မိမိတို့ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများနှင့် တရာဥပဒေအ ကြံပြု ချက်တင်ပြရန်အတွက် အချိန်ပေးဆွေးနွေးခဲ့ပါသည်။

ဤကဲ့သို့သော်ဆွေးနွေးပွဲကို လွန်ခဲ့သော် ၂၀၁၉-၂၀၂၀ နှစ်များအတွင်းတွေ ပြုလုပ်ခဲ့ပြီး ကို်ဗစ်ရောဂါနှင့် ပြည်တွင်း အခြေအနေများတည်ငြိမ်မှုမရှိသည့်အတွက်ကြောင့် လုပ်ငန်းများ အကောင်အထည်ဖော် မဆောင် ရွက်နိုင်သော်လည်း ယခုအစည်းအဝေးမှ ပြန်လည်စတင်၍ ရှေ့ဆက် လုပ်ဆောင်သွား မည်ဟုအ တည်ပြု သ ဘောတူခဲ့ကြပါသည်။