စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်


၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက် ကေအဲန်ယူ - ဗဟို
ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ် အတွင်း ဇွန်လ (၅)ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နံနက် ၈နာရီခွဲ တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်၊ မြို့နယ်၊ ကျေးနယ်ခေါင်းဆောင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦး ကျော်တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၂ )နာရီ တွင်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

အခမ်းအနားအစီအစဥ်များအတွင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကို တက်ရောက်လာသော ခေါင်းဆောင်များမှ ဟောပြောပညာပေးခြင်း၊ အထိန်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းမှုအားကောင်းသော ကျေးနယ်များမှ သစ်တောတာဝန်ရှိသူများကို ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အပြင်အခြားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဥ်များ လည်းပါဝင်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား သထုံခရိုင်အတွင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်စုအားလုံး သဘာဝမှဖန်တီးထားသော ပတ်ဝန်းကျင်ကိုမှီခိုကာ ရှင်သန်နေ ထိုင်ကြရသည်ဖြစ်၍ မိမိတို့ပတ်ဝန်းကျင်အား တန်ဖိုးထားကာ ထိန်းသိမ်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။