စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၇၃)နှစ်ပြည့် ကော်သူးလေနေ့ ဂုဏ်ပြု အားကစားပြိုင်ပွဲ အစီအစဉ်များ ပြုလုပ်ကျင်းပ


ကေအဲန်ယူ-ဗဟို
၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၄) ရက်
၂၀၂၂ ခုနှစ် ဇွန်လ (၁၄) ရက် တွင်ကျရောက်သော ကော်သူးလေနေ့ ကို ဂုဏ်ပြုသောအားဖြင့် ကရင်အမျိုးသားအားကစားအသင်း (KNSA) မှ ကြီးမှူး၍ အားကစားပြိုင်ပွဲ တစ်ခုဖြစ်သော ဘောလုံးပြိုင်ပွဲများ ကို တပ်မဟာ(၇) အားကစားကွင်း နှင့် သူးမွဲခီးနယ်မြေ တို့တွင် စီစဉ် ပြုလုပ်ကျင်းပ ပေးခဲ့ပါသည်။

အခြေအနေအရပ်ရပ်ကြောင့် တပ်မဟာ(၇) အားကစားကွင်းတွင် ကျင်းပသော ဘောလုံးပြိုင်ပွဲ ၌ အသင်း(၄)သင်း သာ ပါဝင်ယှဉ်ပြိုင် ခဲ့သော်လည်း သူးမွဲခီးနယ်မြေ ဘောလုံးပြိုင်ပွဲ ၌ အသင်း (၁၄) သင်း ပါဝင် ယှဉ်ပြိုင် ဂုဏ်ပြု ကစားခဲ့ကြပါသည်။ တပ်မဟာ(၇) အားကစားကွင်း ပြိုင်ပွဲတွင် မောပယ်ခိုလူငယ် အသင်း မှ ဗိုလ်စွဲ ခဲ့ပြီး သူးမွဲခီး နယ်မြေ ပြိုင်ပွဲတွင် New Generation အသင်း မှ ဗိုလ်စွဲခဲ့ပါသည်။ အားကစားသမားများမှာ အများအားဖြင့် အဖွဲ့အစည်းတွင်းရှိ လူငယ်များ၊ ကျောင်းသားလူငယ်များ နှင့် ဒေသခံလူငယ်များ ဖြစ်သည်။

ကရင်အမျိုးသားအားကစားအသင်း (KNSA) သည် ၂၀၀၅ ခုနှစ်တွင် ကော်သူးလေနယ်မြေ နှင့် ထိုင်းမြန်မာနယ်စပ် ရှိ လူငယ်မောင်မယ်များ ဗလ ငါးတန် ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်ပြီး ဗဟို၊ စည်းရုံး‌ရေးနှင့်ပြန်ကြားရေးဌာန မှ ဦးဆောင်ဦးရွက်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

နှစ်အလိုက် ဆောင်ပုဒ်များ ထားရှိပြီး ဆက်စပ်စီစဉ်ကျင်းပ သော အားကစားပြိုင်ပွဲများ ၌ အသုံးပြုပါသည်။ ယခုနှစ် အတွက် ဆောင်ပုဒ် မှာ "ခိုင်မာသော စိတ်ဓာတ်ဖြင့် စည်းကမ်းရှိ၍ စွမ်းရည် ပြည့်ဝသော ကြံ့ခိုင် ကျန်းမာ သန်စွမ်းသည့် ကရင်လူငယ်များ၏ စည်းလုံးညီညာမှု ၌ အားကစားကဏ္ဍ မှတဆင့် ကရင့် အနာဂတ် ကို တည်ဆောက်သွားကြပါစို့" ဖြစ်သည် ဟု သိရသည်။ ထို့အ တူ အားကစား ရာသီအလိုက် ကစားပွဲများ ကို ဆက်သွယ် စီစဉ်ကျင်းပ ပေးသွားမည် ဖြစ်ပြီး ကရင့်ရိုးရာ အားကစားနည်းများ ကို ပြန်လည်ဖော်ထုတ်ခြင်း နှင့် အခြားသော ပြေးခုန်ပစ် အားကစား နည်းများကိုလည်း မိတ်ဆက် သင်ကြားရင်း ကရင်လူငယ်မောင်မယ်များ၏ ကစားခုန်စားခြင်းနည်းလမ်းများ ကို မြှင့်တင် ပေးသွားမည်ဟုလည်း သိရပါသည်။