စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-တောင်ငူခရိုင်အတွင်းရှိ ကျောင်းများတွင် ကျောင်းသားဘော်ဒါဆောင် များနှင့် ကျောင်းဆောင်သစ်များ အများအပြားလိုအပ်နေ


ကေအဲန်ယူ-ဗဟို ၁၁-၆-၂၀၂၂
ကေအဲန်ယူ-တောင်ငူခရိုင်အတွင်းရှိ ကရင်လူထုမူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ အထက်တန်းကျောင်းနှင့် ဂျူနီယာ ကောလိပ်ကျောင်းတွင် ကျောင်းသူ ကျောင်းသား ဦးရေများ ယခင် နှစ်ကထက် တဆခန့်များပြားလာသောကြောင့် ကျောင်းသူကျောင်းသားများ နေထိုင်ရာ ဘော်ဒါ ဆောင်များနှင့် စာသင်ရန် ကျောင်းဆောင်သစ်များ အလွန်ပင်လိုအပ်နေကြောင်း တာဝန်ရှိသူ များထံမှ သိရှိရပါ သည်။

ကေအဲန်ယူ တောင်ငူခရိုင်-တပ်မဟာ (၂) နယ်မြေအတွင်းတွင် ကျေးရွာအဆင့်တွင် ကေအဲန်ယူ ပညာရေးနှင့် ယဉ်ကျေးမှုဌာနလက်အောက်ခံ မူလတန်းအဆင့် ကျောင်းများအားဖွင့်လှစ်ပြီး ခရိုင်အ ဆင့် ထိုလွီဝါးကရင်လူထုအထက်တန်းကျောင်းတွင် ၂၀၂၁-၂၂ စာသင်နှစ်တွင် ကျောင်းသူကျောင်းသား ၇၅၀ ကျော်ရှိခဲ့ပြီး ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသား ၃၀၀ ဝန်းကျင်ခန့်ရှိခဲ့ပါတယ်။

ယခုနှစ် ၂၀၂၂-၂၃ စာသင်နှစ်တွင် ကျောင်းသူကျောင်းသား ပေါင်း ၁၃၀၀ ဝန်းကျင်ရှိပြီး ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားပေါင်း ၅၀၀ ကျော် အထိများပြားလာပါသည်။ ကေအဲန်ယူ ဒေါ်ဖခို မြို့နယ်တွင် ဆာသူးလေ ကရင်လူထုအထက်တန်းကျောင်းတွင် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၁၆၀ ကျော်သာရှိခဲ့သော်လည်း ယခုနှစ် ကျောင်းသူကျောင်းသား ၄၃၀ ကျော်အထိ များပြားလာပါသည်။ ကေအဲန်ယူ ထောတထူမြို့နယ်တွင် လယ်ထောဒို ကရင်လူထုအထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား ၂၂၀ ကျော်အထိများပြားလာပြီး ဆာသော သီ ကရင်လူထုအထက်တန်းကျောင်းတွင်လည်း ကျောင်းသူ ကျောင်းသားများ ၁၆၀ အထိ များပြားလာပါသောကြောင့် ခရိုင်တခုလုံး၏ ပညာရေးလုပ်ငန်းများတွင် အဆောက် အဦးလိုအပ်ချက်၊ ဆရာဆရာမလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ ဖတ်စာအုပ်ရရှိရေး လိုအပ်ချက် များစွာရှိနေကြောင်း ကေအဲန်ယူတောင်ငူခရိုင် ပညာရေးနှင့် ယဉ်ကျေးမှု ဌာနတာဝန်ခံ ဆရာစောဟဲစိုးက ယခုကဲ့သို့ပြောပါသည်။

ကျွန်တော်တို့ လူထုတွေကိုပေးဆပ်ချင်တဲ့ပညာရေးက အခမဲ့ပညာရေးဖြစ်ပေမယ့် ရရှိလာတဲ့ ပညာရေးရံပုံငွေတွေကို စီမံခန့်ခွဲတဲ့အခါ ဆရာ ဆရာမတွေကို ထောက်ပံ့ကြေးပေးတာ ဖတ်စာအုပ်တွေ ပေးတာ သင်ထောက်ကူပစ္စည်းတွေပေးတဲ့နေရာတွေမှာ စိန်ခေါ်မှုအများကြီးရှိပါတယ်။ အဲ့ဒီထက်ကိုပိုပြီးတော့ တောင်ငူခရိုင်တခရိုင်လုံးမှာ ကျောင်းအဆောက်အဦးလိုအပ်ချက်တွေက တပုံကြီးပါဘဲ။ ဒီလို လိုအပ်ချက်တွ ကွေောင့ျ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအတွက်ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်တွေကို စွန့်လွတ်လို့မရပါဘူး ဒါကြောင့် ကျောင်းသားမိဘတွေရဲ့ရုန်းကန် ဖေးမမှု ကေအဲန် ယူဗဟို နဲ့ ဗဟို ပညာရေးနှင့် ယဉ်ကျေးမှုဌာနရဲ့ အားပေးထောက်ပံ့မှု၊ ခရိုင်ရဲ့ ဦးဆောင်ပေးမှုနဲ့ မြို့နယ်နဲ့ ကျေးရွာတွေရဲ့ အားကြိုးမာန်တက် အတူတကွ ပါဝင်မှုတွေက ကျွန်တော်တို့ ရှေ့ဆက်ကြိုး စားဖို့ ၁၀၀ ရာခိုင်နှုန်းအား ဖြစ်စေတာ ကတော့ အသေအချာပါဘဲ ဟုပြောပါသည်။ ဒီနှစ် ၂၀၂၂-၂၃ ပညာသင်နှစ်အတွင်း ဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသား စာရင်းတွေကို တော့ အတည်ပြု လို့ မရသေးပါဘူး စာရင်းတွေကောင်ထားတုန်းပါဘဲဟူ၍လည်း ဖြည့်စွက်ပြောကြားသွားပါသည်။

ထိုလွီဝါးကရင်လူထုအထက်တန်းကျောင်းသည် ကေအဲန်ယူ-တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေအတွင်း တွင်တည်ရှိပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ တောင်ငူခရိုင်နှင့် ပညာရေးနှင့်ယဉ်ကျေးမှုဌာန၏ ဦးဆောင်မှုဖြင့် စတင်လည်ပတ်ကာ ဂျူနီယာကောလိပ်မှာမူ ၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်ခဲ့ပါသည်။ ထိုလွီဝါး ကျောင်း၏ မူလရည်ရွယ်ချက်မှာ စစ်ဘေးကြောင့် ပညာမသင်ကြားနိုင်သော ခ လေးသူငယ်များနှင့် ငွေကြေးကြောင့် ပညာ မသင်ကြားနိုင်သောခလေးသူငယ်များအားအထူး ပညာသင်ခွင့်ပေးနိုင်ရန်နှင့် ကေအဲန်ယူ၏ အုပ်ချုပ်ရေးလုပ်ငန်း များ၊ ကိုယ်ပိုင်ပြဌန်းခွင့်နှင့် ဖက်ဒရယ် တည်ဆောက်ရေးများတွင် အထောက်အကူဖြစ်စေရန် ၊ ကရင့်အမျိုး သား ပညာရေးအခန်းကဏ္ဍအား မြင့်တင်ရန်၊ ကျောင်းစာပေများသာမက လက်တွေ့ဘဝတွင် အသက်မွေးဝမ်း ကြောင်းပြု နိုင် သော ပညာရပ်များအား အားပေးမြင့်တင်နိုင်ရန် နှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များနှင့် လက်တွေ့လုပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာတွေ့လက်တွေ့သင်ကြား ပေး နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယခု အာဏာသိမ်း ကာလတွင် စိန်ခေါ်မှုများစွာရှိနေပါသည်။ ကျောင်းစတင်လည်ပတ်ကတည်းက အမြဲတမ်းအားကြိုးမာန်တက် ထောက်ပံ့ပါ ဝင်လုပ်ကိုင် ကူ ပေးခဲ့တဲ့ ကျောင်းသား မိဘတွေ ၊ ဒေသခံ လူထုတွေ၊ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းတချို့နဲ့ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းတွေ နိုင်ငံတကာ ကရင်လူမှုအဖွဲ့အစည်းများနဲ့ ပညာရေး ကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း တချို့ကလည်း ပါဝင်နိုင်တဲ့ ဖက်ကနေ ပါဝင်နေတဲ့အတွက်ကြောင့် အများကြီး အထောက်အကူဖြစ်စေပါသည် ဟု ထိုလွီဝါးကရင်လူထု အထက်တန်းကျောင်း ဒုကျောင်းအုပ် ဆရာစောကီးကူထူး က ပြောပါသည်။

ကျွန်တော်တို့ရဲ့ အဓိက လုပ်ဆောင်ရမယ့်အရာတွေကို တတ်နိုင်သလောက် လုပ်ဆောင်သွားမှာဖြစ်ပြီး ပျက်စီးခြင်း အဖျက်စီးခံရခြင်းတို့က ပျက်စီးအောင်လုပ်စေမယ့် ဖျက်စီးမယ့် သူတို့ရဲ့ သမိုင်း ဖြစ်ပြီး ကျွန်တော်တို့ ကရင်လူထုတွေသည် ဘယ်လိုဘဝ ဘယ်လိုဒုက္ခခံစားရပါစေ ပညာရေးကို ကြိုးစား တည်ဆောက်ပြီး ပညာသင် ကြားရေးကိုအထူးဘဲ လိုလားတဲ့ လူတွေဆိုတာ သမိုင်းမှာ ကျန်ခဲ့မှာပါ။ မဆလ နဝတ နအဖ ခေတ် ကေအဲန်ယူ တောင်ငူခရိုင်-တပ်မဟာ(၂)မှာ အုပ်ချုပ်ရေးတည်ဆောက်လို့မရနိုင်လောက်အောင် ထိုးစစ်တွေ အကြီးအကျယ် ဆင်ခဲ့ တဲ့အချိန်တွေ တုန်းက တောင် ကျွန်တော်တို့ ကရင့်အမျိုးသားပညာရေးကို ကြိုးစားတည်ဆောက်ခဲ့တယ်။ ကျောင်းတွေ မီးရှို့ဖျက်စီးခံရပြီး ပြေးလွှားပုန်းရှောင်ရတာကတော့ တပိုင်းပေါ့ ဟု ခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက ပြောပါသည်။ ကျောင်းသားများ အများအပြား တိုးပွားလာသည့်အပေါ် တွင်လည်း ကျောင်းဆောင် မလောက် တော့ဘူး ကျောင်းဘော်ဒါဆောင်မလောက်တော့ဘူး ကျောင်းသားပြည့်ပြီ လက်မခံ တော့ဘူး ဆိုသည့်စကားကို မပြောထွက်ကြောင်းနှင့် လူထု၏ယုံကြည်မှုနှင့် ပညာသင်ကြားရေးဆိုင် ရာ အခြေခံလူ့အခွင့်အရေးကို တန်ဖိုးထားသောအားဖြင့် လက်ခံသောကြောင့် ကျောင်းဆောင် နှင့် ကျောင်းသူကျောင်း သားများ မနိုင်ဝန်ဖြစ်ရခြင်းနှင့်အတူ ပညာသင်ကြားပေးသော ဆရာဆရာမ အင်အား လိုအပ်ချက်စိန်ခေါ်မှုများ ကျေးရွာမူလတန်းအဆင့်ကနေ မြို့နယ်အလယ်တန်း အထက် တန်း နှင့် ဂျူနီယာကောလိပ်အထိ လိုအပ်ချက်များ အဆင့်ဆင့် ရှိနေကြောင်း၊ ကျောင်းကောင်းမွန်စွာလည်ပါတ်နိုင်ရန် ကျောင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်မှုများတွင် ကျွမ်းကျင်သော သူ များ များ စွာလိုအပ်ကြောင်း နှင့် လက်တွေ့တွင်လည်း ဒေသခံကျေးရွာမှ လူထုများ၏ပါဝင်မှု ကျောင်းတချို့တွင် ကျောင်းအနီးအနားရှိ ရွာများမှဂျူနီယာကောလိပ် ဘော်ဒါဆောင်ဆောက်လုပ်ရန် ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် လုပ်အားဖြင့်ပါဝင်ခြင်းများ များစွာရှိပြီး မူလတန်း အဆင့်ကျောင်းများသို့လည်း ထိုလွီဝါးအထက်တန်းကျောင်းမှ ၁၂တန်းအောင် လူငယ်များနှင့် အောင်သော လူငယ်များမှလည်း ပညာသင်ယူနိုင်ခွင့်ရအောင် အားဖြည့်ပြီး မူလတန်းအဆင့် ဆရာ ဆရာမ လိုအပ်မှုများအတွက် အားဖြည့်သင်ကြားပေးကာ လည်ပတ်နေကြောင်းကိုပါ ဖြည့်စွက်ပြောကြားသွားပါသည်။