စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကော်သူးလေ သစ်ပင်စိုက်နေ့တွင် ညောင်လေးပင်ခရိုင် ရှိမြို့နယ် (၃) မြို့နယ်မှ သစ်ပင်များစိုက်ပျိုးခဲ့


 

၁ ဇူလိုင် ၂၀၂၂၊ ကေအဲန်ယူ-ဗဟို။

 

ဇူလိုင် ၁ ရက်နေ့တွင် ကျရောက်သည့် (Kawthoolei Tree Plantation Day) ကော်သူးလေ သစ်ပင် စိုက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်၊ ဆောထိ( ရွှေကျင်) မြို့နယ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် တို့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူလူထုများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ သစ်ပင်ပေါင်း(   ၂၀၀၀)ကျော်ကို စိုက်ပျိုးခဲ့သည်။

 

မူး(မုန်း)မြို့နယ်တွင် မြို့နယ်သစ်တောဌာနမှ ဦးဆောင်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊  ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူများမှ ကျွန်းသစ် အပင်ပေါင်း ( ၁၂၀၀ )ကျော်ကို မုန်းပြဒါးသစ်တော ကြိုးဝိုင်းအတွင်း ကမ္ဘာမြေကြီးနှင့် ပတ်ဝန်းကျင် သာယာလှပစေရန် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်အေးမြလှပသည့် အနာဂတ် ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့သည်။

 

ဆောထိ(ရွှေကျင်)မြို့နယ်တွင် ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ပြီး ကျောင်းသူကျောင်းသားများမှ မူးလားဆာ ဘော်ဒါဆောင်ဝင်းအတွင်း ကျွန်းပင်(၂၀)နှင့် မန်ဂျန်ရှားပင်(၅၀)အား ဗဟိုမှချမှတ်ထားသည့် သစ်ပင်စိုက်နေ့ကို ကရင်လူငယ်အစည်းအရုံးမှ တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ခြင်း၊ ဘော်ဒါဆောင်ကျောင်းသူကျောင်းသားများမှ ကော်သူးလေ သစ်ပင်စိုက်နေ့ကို သိစေရန်နှင့် ၎င်းတို့ကိုယ်တိုင် သစ်ပင်စိုက်ပျိုးတတ်စေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့သည်။

 

လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မြို့နယ် သစ်တောဌာနမှ ဦးဆောင်၍  ကျေးရွာလူထုများ၊ ကျောင်းသူ ကျောင်းသားများမှ ပယ်ဖိုးခီးကျေးရွာရှိ လယ်ဒိုကော်ဆာ အထက်တန်းကျောင်းတွင် ကျွန်းပင် (၁၅၀) ၊ မန်ဂျန်ရှား(၇၀) ၊ ဓနိ(၁၀၀) ၊ ဝါးပင် (၁၅၀)ပင်နှင့် ကော်သာစေးကျေးရွာရှိ ကိုယ်ထူကိုယ်ထ ကျောင်းဝန်းအ တွင်း ကျွန်းပင်(၅၀၀)တို့အား သစ်ပင်ဝါးပင်များ များပြားလာစေရန်၊ သစ်ပင်ဝါးပင်များ များပြားလာအောင် သစ်တောဌာနနှင့် ပြည်သူလူထုများ ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန်နှင့် ပြည်သူလူထုများ သစ်တော ကို ပို၍ချစ်ခင်မြတ်နိုးလာစေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ပါသည်။

 

ယနေ့ကျရောက်သည့် ကော်သူးလေ သစ်ပင်စိုက်နေ့ (Kawthoolei Tree Plantation Day) အထိမ်း အမှတ်အနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်တွင် မန်ဂျန်ရှားပင်(၁၂၀)၊ ဓနိပင်(၁၀၀)၊ ဝါးပင်(၁၅၀)နှင့် ကျွန်းပင်(၁၈၀၀)ကျော် ကို စိုက်ပျိုးခဲ့သည်။

 

ကော်သူးလေ သစ်ပင်စိုက်နေ့ကို  ၂၀၁၃ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ်မြောက် ကေအဲန်ယူ- ကရင် အမျိုး သားအစည်းအရုံး ကွန်ကရက် တွင် ကေအဲန်ယူ ဗဟိုသစ်တောဌာန၏ "ကော်သူးလေ သစ်ပင်စိုက်နေ့" အဆိုပြုချက်ကို တင်သွင်းခဲ့ပြီး ၂၀၁၇ခုနှစ် (၁၆)ကြိမ်မြောက် ကွန်ကရက်တွင် အတည်ပြုခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စ၍နှစ်စဉ် ကော်သူးလေသစ်ပင်စိုက်နေ့ကို ကျင်းပခဲ့ပါသည်။