စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၇၅) နှစ်ပြည့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ နေ့အခမ်းအနားကျင်းပ


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက် (ကေအဲန်ယူ-ဗဟို)

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO Day) နေ့အခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဌာနချုပ် ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်၊ ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ်စောရှီးလေ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများတက်ရောက်ကြပါသည်။ ဗိုလ်ကြီး စောတာသူးမှဦးဆောင်ကာ ကရင်အမျိုးသား အာဇာနည်ခေါင်း ဆောင် များနှင့် အသက်သွေးချွေးခန္တာပေးဆပ်ခဲ့ကြသော သူရဲကောင်းရဲဘော်ပြည်သူလူထုများကို ဦးညွှတ်အလေးပြုပြီး အခမ်းနားအစီအစဉ်ကို စတင်ခဲ့ပါသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောရှီးလေမှ (၇၅) နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO Day)နေ့ မိန့်ခွန်းပြောကြားခဲ့ပါသည် ကရင်အမျိုးသား ကာ ကွယ်ရေး တပ်ဖွဲ့ ဗဟိုဌာနချုပ်၊ဗိုလ်စောခု မှကရင်ဘာသာ ,မြန်မာဘာသာဖြင့် စောစံရွှေမြင့်မှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာကို ဖတ် ကြား ခဲ့ကြပြီး ဗိုလ်ချုပ်ကြီးစောဗိုလ်မြကျောင်းမှ ဂုဏ်ပြုသီချင်းဖြင့်ဂုဏ်ပြုသီဆိုခဲ့ကြပါသည်။

ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းမှ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO Day)ဖြစ်ပေါ်လာပုံအကျဉ်းကို တင်ပြခဲ့ပြီး ကေအဲန်ယူ တွဲဖက်အထွေထွေ အတွင်း ရေးမှူး (၁)ပဒိုစောဆဲပွယ်၊ KNLAကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောစံပ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မအိသဉ္ဇာမောင်၊ ကေအဲန်ယူ ရဲချုပ် ဗိုလ်မှူးကြီး စောဂျီနို၊ တို့မှ (၇၅)နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO Day)နေ့ ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ပါသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှပေးပို့သော (၇၅)နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO Day)နေ့ သဝဏ်လွှာကို နော်အယ်နီအောင်မှဖတ်ကြားခဲ့ပါသည်။
ဗိုလ်မှူးစောနိုးမြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကရင်အမျိုးသားသီချင်းသီဆိုပြီးအခမ်းနားကိုရုပ်သိမ်းခဲ့ပါသည်။