စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

နဘူးမြို့နယ် (KYO) နှင့် (KNPF) ရုံးသစ်ဖွင့်ပွဲကျင်းပ


၁၇-၇-၂၀၂၂ ကေအဲန်ယူ ဗဟို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်တွင် မြို့နယ်ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့ နဘူးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ တက်ရောက်လာကြသောခေါင်းဆောင်များနှင့်ဘာသာရေးခေါင်းဆောင်များမှ မြို့နယ်ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကရင်အမျိုးသားအလံတော်နှင့် ကရင်လူငယ်အစည်းအရုံးအလံတော်အား အလေးပြုခြင်းဖြင့် အခမ်းအနားအစီအစဉ်ကို စတင်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ကော့တိုးကျောင်းဆရာတော်မှ ဩဝါဒစကားမိန့်ကြားခဲ့ပြီး နဘူးမြို့နယ်အတွင်းရေးမှူး ပဒိုစောလယ်ဒိုမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌမှ ရုံးသစ်ဖွင့်ပွဲပြုလုပ်ရခြင်း၏ရည်ရည်ချက်ကိုရှင်းပြခဲ့ပြီး ကရင်လူငယ်မောင်မယ်များမှ ‌ကရင်ရိုးရာအကဖြင့် ဖျော်ဖြေကပြခဲ့သည်။

ဆက်လက်ပြီး ဖားအံခရိုင်အခွန်‌တော်နှင့်ဘဏ္ဍာရေးဌာနမှူး၊ ဖားအံခရိုင်စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး၊ ဖားအံခရိုင် ရဲမှူးကြီး၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး( ဗဟို) ကရင်လူငယ် အစည်း အရုံးဥက္ကဌ၊ နဘူးမြို့နယ်အတွင်းရေးမှူး၊ တပ်မဟာ(၇)ကိုယ်စားလှယ်၊ KNU/KNLA(PC)ကိုယ်စားလှယ်၊ ဗျူဟာ(၃) ဗျူဟာမှူးတို့မှ ရုံးသစ်ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုစကားအသီးသီး ပြောကြား ခဲ့သည်။

ထို့နောက်ကျုံဒုံးချောင်းဖျားကျေးရွာသူကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားအစီအစဉ်အား ရုတ်သိမ်းခဲ့သည်။