စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

Organization Development Workshop တရပ်အား KNU-HQ တွင်ပြုလုပ်


၂၀၂၂ ခုနှစ် သြဂုတ်လ ၂၁ ရက်၊
ကေအဲန်ယူ-ဗဟို၊ ကော်သူးလေ

ကရင်အမျိုးသားအစည်းအရုံး၏ ဌာနဆိုင်ရာများ ဖွဲ့စည်းပုံနှင့်လုပ်ငန်း လည်ပတ်မှု ပိုမိုအား ကောင်းလာစေရေး အတွက် ရည်ရွယ်၍ ဌာနဆိုင် ရာအကြီးအကဲများပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ဗဟိုဌာနချုပ် တည်ရှိရာ ကလိုယော်လေးတွင် ဩဂုတ်လ ၁၈ မှ ၂၀ အထိ ၃ ရက်တာ ကျင်းပပြီးစီးခဲ့သည်။

ကေအဲန်ယူ၏ ဌာနအသီးသီးမှ တာဝန်ခံများ၊ အတွင်းဝန်များပါဝင် တက် ရောက်ခဲ့သည့် ဤ အလုပ်ရုံဆွေးနွေးပွဲတွင် ဌာနများ၏ဖွဲ့စည်းပုံနှင့်လုပ်ငန်း လည် ပတ်မှု အပါအဝင် ဌာနတစ်ခုချင်း စီ၏ ရည်မှန်းချက်နှင့် လုပ်ငန်းလမ်း စဉ်များကိုလည်း ပြန်လည်သုံးသပ်အတည်ပြုခဲ့ကြသည်။

လတ်တလောနိုင်ငံရေး အပြောင်းအလဲများကြောင့် ပေါ်ပေါက်လာသော အခွင့်အရေးများနှင့် စိန်ခေါ်မှုများ၊ ကေအဲန်ယူ၏အုပ်ချုပ်ရေးယန္တယားနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများအပေါ်သက် ရောက်မှုများကိုလည်း ဆွေးနွေးသုံး သပ်ခဲ့ကြသည်။

“မဟာဗျူဟာမြောက်ထိန်းညှိဆောင်ရွက်ခြင်းနဲ့ဌာနဆိုင်ရာတွေရဲ့ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို ပိုမို ကျစ်လစ်ခိုင်မာအောင်ပြုလုပ်ခြင်းဟာ ကျနော်တို့ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် သော့ချက်ပဲ” ဟု ကေအဲန်ယူ၏ တွဲဘက်အထွေထွေအတွင်းရေးမှုး ၁ ပဒိုစောဆဲပွယ် ကပြော ပါသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာကို လုယူပြီးသည့်နောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် မိမိတို၏အုပ်ချုပ်ရေးယႏၲယားများ၊ စီမံခန်ခွဲရေး လုပ်ငန်းများကို ပိုမိုကောင်းမွန်၍ အရည်အသွေးပြည့် ဝလာအောင်အစဉ် တစိုက် ကြိုးပမ်းနေ ခဲ့ခြင်းဖြစ်သည်။

“အခုလိုအလုပ်ရုံဆွေးနွေပွဲမျိုးကို မဟာဗျူဟာမြောက် လုပ်ငန်းလမ်းစဉ် များ ချမှတ်ပြီး နှစ်စဉ်ပြုလုပ်သွားဖို့ရည်မှန်းထားကြောင်း” ပဒိုစောဆဲပွယ် က ပင် ထပ်မံပြောကြားခဲ့သည်။