စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

“အာဇာနည်များ၏ စိတ်ဓာတ်ကို နှလုံးသွင်း၍ အောင်ပွဲရသည်အထိချီတက်ကြပါစို့”စကားဝိုင်းဆွေးနွေးပွဲပြုလုပ်


၁၁ရက် သြဂုတ်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနစ်၊ ဩဂုတ်လ ၁၀ ရက်၊ ည ၈ နာရီမှ ၁၁ နာရီကျော်အထိ (ကော်သူးလေစံတော်ချိန်)တွင် Zoom, Facebook Live ဖြင့် ၇၂ ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ကရင်လူငယ်ခေါင်းဆောင်များမှ အာဇာနည်များ၏စိတ်ဓာတ်ကို နှလုံးသွင်း၍ အောင်ပွဲရသည်အထိချီတက်ကြပါစို့ ခေါင်းစဉ်ဖြင့် Online စကားဝိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။

ထိုစကားဝိုင်းဆွေးနွေးပွဲတွင် Panel List များအနေဖြင့် Padoh Saw Kwe Htoo Win (Vice Chairman of KNU)၊ Saw Kapi (Educator)၊ Saw Albert Cho (Karen Youth Activist)၊ Naw K’nyaw Paw (KWO)၊ ‌Naw Zember (Karen Women Activist)၊ Saw Peacefully Thomas (Guest Speaker) တို့ ဦးဆောင်ဆွေးနွေးခဲ့ပြီး Moderator အ‌နေဖြင့် Naw Eh Phaw Wah (DOI-HQ) တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသော လူငယ်များ၊ ပြည်သူလူထုများ စုစုပေါင်း (၁၅၀) ကျော် နှင့် Facebook Live တွင်လည်း ဝင်ရောက်ကြည့်ရှု့နားထောင်သူပေါင်း များစွာရှိကြောင်းသိရှိရပါသည်။

ဆွေးနွေးပွဲအစီအစဥ်အရ
၁။ မိတ်ဆက်ခြင်း။
၂။ သင်နားလည်သော အာဇာနည်ဝေါဟာရရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြောပြပေးပါ။
၃။ သြဂုတ်လ (၁၂)ရက်နေ့၊ ၁၉၅၀ ခုနှစ်တွင် ဥက္ကဌစောဘဦးကြီး နှင့် အတူ ကျဆုံးသောရဲဘော်များကို အမှီပြုပြီး ဘာကြောင့် ကရင်အာဇာနည်နေ့ကို အတည်ပြု အသိအမှတ် ပြုခဲ့ပါသလဲ။ ထိုအချိန်က အသိအမှတ်ပြုခဲ့သော အာဇာနည်၏ အဓိပ္ပါယ်ကို ပြောပြပေးပါ။
၄။ ကရင့်လူထုများတောင်းဆိုခဲ့သော ကြွေးကြော်သံ(၄)ချက် နှင့် ဥက္ကဌစောဘဦးကြီး ချမှတ်ထားခဲ့သောမူ(၄)ချက် အပေါ်အခြေခံပြီး ဥက္ကဌစောဘဦးကြီး မျှော်မှန်းထားသော ကရင့်တော်လှန် ရေးရည်မှန်းချက် နှင့် ယခုလက်ရှိ ကရင့်အမျိုးသားတော်လှန်ရေး ရည်မှန်းချက် ကိုက်ညီမှု ရှိ/မရှိ သုံးသပ်ဆွေးနွေးပေးပါ။
၅။ ဥက္ကဌစောဘဦးကြီး ပြောခဲ့တဲ့ ကရင်ပြည်ရရှိနိုင်သည့် နည်းလမ်း(၃)သွယ်မှာ ပထမနည်လမ်းဖြစ်တဲ့ ရန်သူက စေတနာဖြင့် ကရင်ပြည်ကိုပေးမည်ဆိုဒါက လုံးဝမဖြစ်နိုင်ဘူး ပြောလို့ရတယ်။ ဒုတိယ နဲ့ တတိယ ဖြစ်တဲ့ ကရင်ပြည်သူများ ကရင်ပြည်ကို ပြန်လည်တိုင်ယူနိုင်ရေး နည်းလမ်းနှင့် နိုင်ငံတကာဖိအားအရ ကရင်ပြည်ကိုပြန်လည်ရရှိနိုင်မယ် နည်းလမ်း (၂)သွယ် ကျန်ရှိမယ်။ အဲဒီနည်းလမ်း(၂)သွယ်ထဲမှာ ဘယ်နည်းလမ်းက ကရင်အမျိုးသားနိုင်ငံရေးမျှော်မှန်းချက်၊ ကရင်ကံကြံမာ (Destiny) ပိုပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဖန်တီးနိုင်လိမ့်မယ်လို့ ထင် ပါ သလဲ၊ ဆွေးနွေးသုံးသပ်ပေးပါ။
၆။ ကရင့်အာဇာနည်များဖြစ်ကျတဲ့ ကေအဲန်ယူ ဥက္ကဌဟောင်း စောဘဦးကြီးနှင် ကေအဲန်ယူ အတွင်းရေးမှုးချုပ်ဟောင်း ပဒိုမန်းရှာလာဖန်း တို့၏ နိုင်ငံရေးအတွေးအခေါ်အယူအဆ ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။ နိုင်းယှဉ်သုံးသပ် ဆွေးနွေးပေးပါ။
၇။ ကရင့်တော်လှန်ရေးတစ်လျောက်လုံးမှာ အကွဲအပြဲတွေ ရှိခဲ့တယ်။ စည်းလုံးညီညွှတ်မှုကို လူတိုင်းလိုချင်ကြတယ်၊ ကြိုးစားလုပ်ဆောင်တာတွေရှိတယ်၊ ဒါပေမဲ့ခက်တယ်၊ အဲဒါဘာကြောင့်လဲ၊ ချမှတ်ထားတဲ့ မူ၊ လမ်းစဉ်ကို လိုက်နာမှုအားနည်းချက်တွေကြောင့်လား။ အမြင်လေးသုံးသပ်ဆွေးပေးပါ။
( ဥပမာ- ဥက္ကဌစောဘဦးကြီးကိုယ်တိုင် ပြောခဲ့တဲ့ သွေးတစ်စက်မှမကျဘဲ ကရင်ပြည်ရအောင်လုပ်ပေးမယ် ဖြစ်သော်လည်းဘဲ အများစုသဘောထားဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို သူကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပြသွားခဲ့တယ်။ စည်းလုံးညီညွှတ်မှု တည်ဆောက်နိုင်မည့် နည်းလမ်းကို အမြင်သဘောထား ဆွေးနွေးမျှဝေပေးပါ။)
၈။ လူ့အဖွဲ့အစည်းရဲ့တိုးတက်ပြောင်းလဲမှုအတွက် လူငယ်များရဲ့ ပူးပေါင်းလုပ်ဆောင်မှုသည် အရေးကြီးတဲ့အခန်းဖြစ်တယ်။ လူငယ်မှာ ခွန်အားအပြည့်အဝရှိတယ်၊ စိတ်ဓာတ်ခိုင်မာမှု ရှိတယ်။ စိတ်အားထက်သန်မှုရှိတယ်။ တိုးတက်တဲ့ အတွေးအခေါ်တွေရှိတယ်။ စွန့်လွှတ်ရဲတယ်။ တော်လှန်ရေး သမိုင်းတစ်လျှောက်မှာလည်း တော်လှန်ရေးမှာ အသက်ပေး သွားတဲ့ သူအများစုသည် လူငယ်များဖြစ်ကြတယ်။ လက်ရှိ တော်လှန်ရေးမှာလည်း မြေပြင်မှာလှုပ်ရှားတာ အများစုဟာ လူငယ်များဖြစ်ကြတယ်။ လူငယ်တွေရဲ့စွမ်းအင် အရင်းအမြစ် တွေကို မဆုံးရှုံးဖို့ နှင့် တော်လှန်ရေးမှာနည်းမှန်လမ်းမှန်ဖြင့် တော်လှန်ရေးခံယူချက်အပြည့်အဝ နှင့် တော်လှန်ရေး အောင်သည်အထိ အင်အားတစ်ရပ်ဖြစ်ဖို့အတွက် ဘာအကြံပြု လမ်းညွှန်ချက်ပေးချင်ပါသလဲ။ လူငယ်တွေကို ဘာအားပေး စကား ပြောချင်ပါသလဲ။ ဟူသော ခေါင်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။
ထို့နောက် အစီအစဉ် နံပါတ် ၉တွင် Guest Speaker အနေဖြင့် ဆရာ Saw Peacefully Thomas မှ ပြောကြားပြီး အစီအစဉ် နံပါတ် ၁၀ တွင် မေးခွန်းများမေးမြန်းခြင်း နှင့်ပြန်လည်ဖြေ ကြား ခြင်းပြုလုပ်၍
၁၁။ ကျေးဇူးတင်စကားပြောကြားကာ အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။