စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ဗဟို၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ခေါင်းဆောင်များ မှ (၆) ကြိမ်မြောက် ဗဟို ကရင်လူငယ်အစည်းအရုံး ကွန်ဂရက် သို့ တက်ရောက်ချီးမြှင့်

 ကေအဲန်ယူ-ဗဟို
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်
   
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက် မှ (၈) ရက် နေ့ အထိ ကျင်းပဲ့ သော ဗဟို ကရင်လူငယ်အစည်းအရုံး ၏ (၆) ကြိမ်မြောက် ကွန်ဂရက် သို့ ဗဟို၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စည်းရုံးရေး နှင့် ပြန်ကြားရေးဌာန တာဝန်ရှိခေါင်းဆောင်များ တက်ရောက် ချီးမြှင့် ဂုဏ်ပြု ခဲ့ပါသည်။

(၃) ရက် နေ့ တွင် စတင်ဖွင့်လှစ်ခဲ့သော ကွန်ဂရက် ၏ ဖွင့်ပွဲ အခမ်းအနား သို့ ဗဟို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး-(၂) ပဒိုစောလှထွန်း၊ ဗဟို စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန တွဲဖက်အတွင်းရေးမှူး ပဒိုစောဂျက်ပစီ နှင့်အတူ ဌာနခွဲ တာဝန်ရှိသူ ဆရာမနော်အယ်ဖေါဝါး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ တပ်ရင်း(၂၄) တပ်ရင်မှူး ဒု-ဗိုလ်မှူးကြီး စောမိုးဇက်၊ ကေအဲန်ယူ-ဖားအံခရိုင်စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူး ပဒိုနော်ရှီးဝါး၊ ကေအဲန်ယူ-လှိုင်းဘွဲ့မြို့နယ် တရားသူကြီး ပဒိုစောဝါးထီး တို့ တက်ရောက် ချီးမြင့် ခဲ့ကြပါသည်။
   
ကျန်ရှိသော ရက်များ တွင် ပဒိုစောဂျက်ပစီ မှ ဦးဆောင်ပြီး ဗဟို စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ဆရာ ဆရာမ များ ဖြစ်သော ခိုင်စံရွှေမြင့်၊ နော်အယ်ဖေါဝါး၊ စောဆလားမူ တို့မှ ဆက်လက် ပါဝင် အားပေး လမ်းညွန် အကြံပြုခဲ့ကြပါသည်။
    
ကွန်ဂရက် တွင် ကရင်လူငယ်အစည်းအရုံး ၏ ဖွဲ့စည်းပုံ အခေခံဥပဒေ ကို ပြင်ဆင်ခြင်၊ မွမ်းမံခြင်း၊ ဖြည့်စွက်ခြင်း နှင့် အတည်ပြုခြင်း ကို ပဏာမ အဆင့် အနေဖြင့် လုပ်ဆောင်ခဲ့ပြီး၊ (၅) ကြိမ်မြောက် ကွန်ဂရက် သက်တမ်း ခေါင်းဆောင်များ နေရာ တွင် အစားထိုး ရန် (၆) ကြိမ်မြောက် ကွန်ဂရက် ခေါင်းဆောင်သစ် (၁၁) ဦး ကို ရွေးကောက်တင်မြောက်ခြင်း နှင့်အတူ ကရင်လူငယ်အစည်းအရုံး ၏ ရှေ့လုပ်ငန်းစဉ် (၂၁) ရပ် ကို ချမှတ် အတည်ပြု ခဲ့ပါသည်။
   
အဆိုပါ ကွန်ဂရက် ကို သက်ဆိုင်ရာ ခေါင်းဆောင်များ၊ နည်းပညာ အထောက်အကူပြု ပညာရှင်များ၊  ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ ဒေသ လုံခြုံရေးတာဝန်ခံများ စသည်ဖြင့် စုစုပေါင်း (၁၂၀)ဦး ခန့် ပါဝင် တက်ရောက်ခဲ့ပြီး ကော်သူးလေ၊ ဖားအံခရိုင် တွင် အောင်မြင်စွာကျင်းပ ခဲ့ပါသည်။