စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသောလူသားဘဝများ အစီရင်ခံစာမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်


မတ်လ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
မတ်လ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်တွင် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ဦးစည်းပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်လာလာ (၃၁) ရက်နေ့အထိ လပေါင်း (၂၃) လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် ရေးသားပြုစုထားသော "မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ” အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဌာနအသီးသီးမှ သက်ဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နှင့် သတင်းဌာနများမှ လူဦးရေ စုစုပေါင်း (၆၀) ကျော်တက်ရောက်ခဲ့သည်။
အခမ်းအနား အစီစဉ်များအရ
− ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ် မှပြောကြားခဲ့သည်။
− အစီရင်ခံစာထုတ်ဝေရသည်ရည်ရွယ်ချက်အားပြောပြခြင်းအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လူ့အခွင့်အရေးကော်မတီ၏ အတွင်းရေးမှူး ဆရာမဖောဂေးခူမှ ရှင်လင်းတင်ပြခဲ့သည်။
− အစီရင်ခံစာဖြစ်ပေါ်လာရေးအတွက်လုပ်ဆောင်ခဲ့ပုံများအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနအောက်ရှိ သုတေသီနနှင့် မှတ်တမ်းဌာနခွဲမှာ ယာယီတာဝန်ခံ ဆရာမဆာသမူးမှ ရှင်လင်းတင်ပြခဲ့သည်။
− မျိုးဆက်သစ်ကျောင်းသူကျောင်းသားများမှ “We Need Peace” တေးသီးချင်းသီဆိုခဲ့သည်။
− အစီရင်ခံစာပါအကြောင်းအရာများအား စောသော်မိုးအယ်မှ ရှင်းလင်းတင်ပြခဲ့သည်။
− အစီရင်ခံစာပါတောင်းဆိုချက်များအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ ဒုတိယ ဌာနမှူး ပဒိုစောကလယ်စေးမှ တင်ပြတောင်းဆိုခဲ့သည်။
− သတင်းနှင့် ပြန်ကြားရေးဌာနခွဲမှ ပြုလုပ်ထားသော အစီရင်ခံစာပါအကြောင်းအရာများနှင့်သက်ဆိုင်သည့် မှတ်တမ်းရုပ်သံအားလည်းပြလည်းပြသခဲ့သည်။
− ရှင်းလင်းတင်ပြပြီးသည့်နောက် တက်ရောက်လာသော ဌာနအသီးသီးမှခေါင်းဆောင်းများ၊ သတင်းဌာနများနှင့် အမေးအဖြေကဏ္ဍအား ပြုလုပ်ခဲ့သည်။
− သတင်းနှင့် ပြန်ကြားရေးဌာနခွဲမှ ပြုလုပ်ထားသော အစီရင်ခံစာပါဖြစ်စဉ်များနှင့်ပါတ်သတ်သည့် ရုပ်ပုံများအားပြသခဲ့သည်။
− အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဘေးဒုက္ခ အတိခံစားနေရသည့် ပြည်သူလူထုများအတွက် (၁) မိနစ်ခန့်ငြိမ်သက်ပြီးဆုတောင်းပေးခဲ့သည်။
− "ဒို့တာဝန်" တေးသီချင်းအား တင်ဆက်ပြသပြီးနောက်
− ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအားပိတ်သိမ်းခဲ့သည်။
အစီရင်ခံစာပါအကြောင်းအရာများနှင့်ပါတ်သတ်ပြီးသိရှိလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပဒိုစောကလယ်စေး +66614370457
ဆရာမနော်ဖောဂေးခူ +66872113035
Benedict +66962875769 +66652728651