စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇) ကြိမ်မြောက် ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက် ကျင်းပပြီးစီး


ဧပြီလ ၁၁ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံး ဒူးသထူခရိုင်၏ (၇) ကြိမ်မြောက်ကွန်ဂရက်ကို ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ၊ ၇-၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။

ဤကွန်ဂရက်တွင် ဒူးသထူခရိုင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှခေါင်းဆောင်များ၊ ဗဟို၊ ခရိုင်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖားအံမြို့နယ်၊ မော်စကိုအထူးဒေသ ကေဝိုင်အို-ကရင်လူငယ် အစည်းအ ရုံး မှ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက် ခဲ့ပါသည်။

ကွန်ဂရက်တွင် မြို့နယ်အသီးသီး၏ အစီအရင်ခံစားများ၊ ခရိုင်အစီအရင်ခံစာများကို အသီးသီးတင်ပြပြီး အပြန်အလှန်သုံးသပ်မှုများပြုလုပ်ခဲ့ပါသည်။
ကွန်ဂရက်ကိုယ်စားလှယ်များမှ (၆)ကြိမ်မြောက် ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်၏ ရှေ့လုပ်ငန်းစဉ်များအပေါ် လုပ်ဆောင်ပြီးစီးမှုများကို ဆွေးနွေးပြီး (၇) ကြိမ်မြောက် ဒူးသထူခရိုင် ကရင်လူငယ် အစည်းအ ရုံး ကွန်ဂရက်မှ ရှေ့လုပ်ငန်းစဉ် (၁၁) ချက်ကို ချမှတ်ခဲ့ပါသည်။

(၇) ကြိမ်မြောက် ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်မှ အမြဲတမ်းကော်မတီ (၂၁) ဦးကို ရွေးချယ်ခဲ့ပါသည်။
၁။ စောလွမ်းမိုးနိုင်
၂။ စောညီညီထက်
၃။စောထူးစော
၄။ စောတာနေသား
၅။ စောစိုင်းနေ
၆။ နော်ခင်ခင်ချစ်
၇။ နော်ယမင်းစိုး
၈။ နော်ကြည်ဝင်း
၉။ စောဝဏ္ဏထွန်း
၁၀။ စောသဲပို
၁၁။ စောကျော်ဝင်းထက်
၁၂။ စောဘိုဘိုဆန်း
၁၃။ စောဝဏ္ဏအောင်
၁၄။ နော်စန္ဒာ
၁၅။ နော်ယုယုခိုင်
၁၆။ နော်ပိုးအိစံ
၁၇။ စောကဘွဲ့
၁၈။ နော်တင်ယုနွယ်
၁၉။ နော်မီးမီးဆု
၂၀။ စောဆာမှုးဖော
၂၁။ စောမောင်ချဲ

(၇) ကြိမ်မြောက် ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်တွင် အလုပ်အမှုဆောင်ကော်မတီ အဖြစ်-
၁။ စောလွမ်းမိုးနိုင် - ဥက္ကဌ
၂။ စောစိုင်းနေ - ဒုဥက္ကဌ
၃။ စောတာနေသား - အတွင်းရေးမှူး
၄။ စောထူးစော - တွဲဖက်အတွင်းရေးမှူး
၅။ စောညီညီထက် - စည်းရုံးရေးနှင်ပြန်ကြားရေတာဝန်ခံ
၆။ နော်ကြည်ဝင်း - လှုမှုရေးတာဝန်ခံ
၇။ စောကျော်ဝင်းထက် - သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လှုမှုဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး တာဝန်ခံ
၈။ နော်ခင်ခင်ချစ် - ဘဏ္ဍာရေးတာဝန်ခံ
၉။ နော်ယမင်းစိုး - စာရင်းစစ်တာဝန်ခံတို့ (၉) ဦးကိုရွေးချယ်ခဲ့ပါသည်။