စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဖားအံခရိုင်၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်


နိုဝင်ဘာလ (၂၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇)၊ နဘူးမြို့နယ် ဝဲလစ်ကျေးရွာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့ တွင် "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှလွတ်မြောက်သည့် လူမှုပတ်ဝန်းကျင်ကို အတူတကွဖန်တီး ကြပါစို့" ခေါင်းစဥ်ဖြင့် နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနား တစ်ခုအား ဖားအံခရိုင် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) မှ ဦးဆောင်ကျင်းပခဲ့ပြီး ဖားအံခရိုင်အတွင်းရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခေါင်းဆောင်များများအပြင် ဗဟိုအဆင့် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၄၀၀) ကျော် တက်ရောက် ခဲ့သည်။