စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ - ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မှ (၁၀) ကြိမ်​မြောက် ညီလာခံ ကျင်းပပြီးစီး


နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ - ကေအဲန်ယူ-ဗဟို။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် မှ ၂၂ ရက်အထိ (၃) ရက်တာအတွင်း ကေအဲန်ယူ - ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၌ ကေအဲန်ယူ ဖွဲ့စည်းပုံအရ မြို့နယ်အဆင့် (၄) နှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော (၁၀) ကြိမ်မြောက် ညီလာခံအား ကျင်းပ ပြီးစီးခဲ့သည်။ ထိုရွေးကောက်ပွဲအား ခရိုင်မှ သွားရောက် ဦးဆောင်ကာ ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ မြို့နယ်အဆင့် ခေါင်းဆောင်များအား ရွေးချယ် တင်မြှောက်ပေးခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ကေအဲန်ယူ ကော့ကရိတ်မြို့နယ်မှ ကြီး (၅) ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ခေါင်းဆောင်များမှာ (၁) ဥက္ကဌ အဖြစ် ပဒိုစောဖားတယား၊ (၂) ဒု-ဥက္ကဌ အဖြစ် ဒု-ဗိုလ်မှူးကြီး စောစန်းတင်၊ (၃) အတွင်းအရေးမှူး အဖြစ် ပဒိုမန်းမြအေး၊ (၄) တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောဟဲခု၊ (၅) တရားသူကြီးအဖြစ် ပဒိုနန်းယမင်းလွင် စသည်တို့ဖြစ်သည်။
ထိုကွန်ကရက်တွင် ကိုယ်စားလှယ် (၁၂၆) ဦး တက်ရောက်ခဲ့ကြပြီး ရွေးကောက်ခံမြို့နယ်အမြဲတမ်းကော်မတီဝင် (၃၀) ဦးအတွင်းအမျိုးသမီး (၁၁) ဦး ပါဝင်လာကာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနမှူးများနှင့် အမြဲတမ်းကော်မတီဝင်များတွင် လူငယ်ခေါင်းဆောင်များအား နေရာပေးမှု ပိုမိုရှိလာခဲ့ပြီး ဌာနဆိုင်ရာများတွင် လူငယ်အများစု ဦးစီးဦးဆောင်လာခဲ့ကြသည်။