စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(KNPF) ခေါင်းဆောင် ကိုယ်စားလှယ်များ သို့ ကေအဲန်ယူ ခေါင်းဆောင်များမှ လက်ရှိနိုင်ငံရေး အခြေအနေ များနှင့် အခြေခံဖက်ဒရယ်လမ်းစဉ်များ သွားရောက်အသိပညာပေးသင်တန်းပို့ချ


နိုဝင်ဘာလ (၂၁) ရက် ၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီ (ဗဟို) မှ ဦးဆောင်၍ ခရိုင်အသီးသီးမှ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ခေါင်းဆောင် ကိုယ်စားလှယ်များ သို့ ကေအဲန်ယူ၏ အခြေခံမူဝါဒနှင့် ဖွဲ့စည်းပုံ၊ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကရင်တော်လှန်ရေး သမိုင်းကြောင်း အခြေအနေများအကြောင်း အသိပညာပေးခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၅) ရက်တာမျှဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှခေါင်းဆောင်များ၊ ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီ မှ ဆရာများမှ လာရောက်သင်တန်း ပို့ချခြင်း များပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဗဟိုဌာနချုပ်နေရာ တွင် ကျင်းပခဲ့ပါသည်။
သင်တန်းတွင် မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ကရင့်တော်လှန်ရေးသမိုင်းကြောင်းအား အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းမှ လည်းကောင်း၊ ကေအဲန်ယူ အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ် အားမျှဝေခြင်းအား ဆရာစောဆာလာမူး မှလည်းကောင်း၊ ကေအဲန်ယူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံခြေခံစည်းမျဉ်းဥပ‌ဒေဖြစ်စဉ်အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အမြဲတမ်းကော်မတီဝင် ပဒိုစောပိုပိုထူးအောင်မှ လည်းကောင်း၊ Introduction to Federalism, Nation Building and State Building (အခြေခံ အမျိုးသားနှင့်နိုင်ငံတည်ဆောက်ခြင်း၊ အခြေခံဖက်ဒရယ်စနစ်) ဘာသာရပ်များအား ဆရာဝေယံမင်းသိန်းမှ လည်းကောင်း ပို့ချခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းမှ အသိပညာပေး မျှဝေခြင်းများ ပြုလုပ်ခဲ့ပါသည်​။ ထိုအပြင် ကရင်အမျိုးသားရဲတပ်ဖွဲ့၏ လစ်ဟာနေသောနေရာကို ပြန်လည်ရွေးချယ်ခန့်သည့်အပြင် ကေအဲန်ယူ-အုပ်ချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုး‌ရေးပိုမိုအားကောင်းစေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ‌ရေးဆွဲချမှတ်ခဲ့ပါသည်။