စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ နှစ်ပတ်တာသင်တန်း ကျင်းပပြီးစီး

နိုဝင်ဘာလ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုပီပြင်စွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက် ဖြင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်နှင့် မြို့နယ်အဆင့် ခေါင်းဆောင်များအား နှစ်ပတ်တာ စွမ်းရည်မြှင့်တင်ရေးသင်တန်း အစီ အစဉ်ကို ကေအဲန်ယူ−ဗဟိုဌာနချုပ်ရှိရာ ကလိုယော်လေးတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီး ကော်သူးလေအုပ်ချုပ်နယ်မြေ၏ တောင်ပိုင်း (၄) ခရိုင်ဖြစ်သည့် ဒူးသထူခရိုင်၊ ဒူးပလာယာခရိုင်၊ ဖားအံခရိုင် နှင့် မြိတ်/ထားဝယ် ခရိုင်တို့မှ ကိုယ်စားလှယ် စုစုပေါင်း (၄၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။
ဤသင်တန်းကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက်ကွန်ကရက်အပြီး ဖွဲ့စည်းခဲ့သည့် အုပ်ချုပ်မှုစွမ်းရည်မြှင့် တင်ရေး ကော်မတီမှ စီစဉ်ပြီး School of Governance and Public Administration (SGPA) မှ နည်းပညာ အထောက်အကူပြု အဖြစ်ပူးတွဲ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဤသင်တန်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ကျနော်တို့တော်လှန်ရေးရဲ့ရည်ရွယ်ချက်က အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဖြစ်တယ် ကျနော်တို့ ကိုယ်တိုင်က အုပ်ချုပ်မှုစွမ်းရည်ရှိမှ ကိုယ့်နိုင်ငံရေး လူမှုရေး စီးပွါးရေး ကံကြမ္မာ ကျနော်တို့ကိုယ်တိုင်ဖန်တီးနိုင်မှာဖြစ်ကြောင်း” ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး၏ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့သည့် သင်တန်းဆင်းပွဲအခန်းအနားတွင် အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေး ကော်မတီဥက္ကဌဖြစ်သူ ပဒိုစောလှထွန်းမှ “နောင်တစ်ချိန်မှာ ဒီလို သင်တန်း အစီအစဉ်ကို ကျနော်တို့ မြိုနယ်နဲ့ခရိုင်အုပ်ချုပ်ရေးမှုးတွေအားလုံး မဖြစ်မနေ ပါဝင် တက်ရောက်နိုင်ဖို့ စီစဉ်သွားမှာဖြစ်တယ်” ဟုလည်းပြောကြားခဲ့ပါသည်။