စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဒုံရင်းမြို့နယ်တွင် (UCKAG) ၏ အခမဲ့ နယ်လှည့်မျက်စိခွဲစိတ်ကုသရေး အစီအစဉ်ပြုလုပ်


အောက်တိုဘာလ ၃၁ရက်၊၂၀၂၃ နှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇)၊ ဒုံရင်းမြို့နယ် အတွင်းရှိ အောက်ရေတံခွန်တိုက်ကျောင်းတွင် (UCKAG) ၏ အခမဲ့နယ်လှည့်မျက်စိခွဲစိတ်ကုသရေး အစီစဥ် တစ်ရပ်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့မှ နိုဝင်ဘာလ ၁ရက်နေ့အထိ ၁၁ ရက်တာ ပြုလုပ်လျှက်ရှိသည်။
၎င်းမျက်စိခွဲစိတ်ကုသရေးအစီအစဉ်တွင် ဖားအံခရိုင် တွဲဖက်အတွင်းရေးမှူး ပဒိုစောဂေထူး၊ စည်းရုံးရေးနှင်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါး၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးကြီး စောဒိကွယ်ထူးနှင့် ဒုံရင်းမြို့နယ် တာဝန်ရှိသူတို့မှ ဦးဆောင်ပြီး (UCKAG)မှ ဒေါက်တာနေဆဲနှင့် ကျန်းမာ ရေးဝန်ထမ်းတို့မှ တာဝန်ယူခွဲစိတ်ခဲ့သည်။
မျက်စိခွဲစိတ်ကုသရေးကာလတစ်လျှောက် မျက်မှန်ပြုလုပ်သူ (၇၄၈‌) ဦးနှင့် မျက်စိခွဲစိတ်သူ (၂၂၄) ဦး အပါအဝင် မြို့နယ်အတွင်းမှ မျက်စိဝေဒ နာရှင် (၁၁၅၀) ဦး ခန့်လာရောက်ပြသခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့အထိတွင်လည်း ဒုံရင်းမြို့နယ် နောင်သာယာ ကျေးရွာတွင် ပထမအကြိမ် မျက်စိခွဲစိတ် ကုသရေးအစီအစဉ်ပြုလုပ်ခဲ့ပြီး မျက်စိခွဲဝေဒနာရှင် (၄၄၁)ဦး လာရောက်ပြသခဲ့သည်။

သတင်းအရင်းအမြစ် − ဖားအံခရိုင်−သတင်းနှင့်ပြန်ကြားရေး။