စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်တွင် တပ်စိပ်မှူးဖြစ် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

အောက်တိုဘာလ (၃၀) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ တပ်မဟာ(၃) ဒါးစူယာပလော တွင် အောက်တိုဘာလ (၂၈)ရက်နေ့၌ ပထမအကြိမ် တပ်စိပ်မှူးဖြစ် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲသို့ တပ်မဟာ(၃) တပ်မဟာမှူးဗိုလ်မှူးချုပ် စောလေးတရော်၊ တပ်ရေးဗိုလ်ကြီး စောအားဇက်၊ ဒုဗိုလ်မှူးကြီးစောဖီးထယ်၊ ခလယ် လွီထူခရိုင် အတွင်းရေးမှူး ပဒိုစောကနဲထူးဗြိုင်း၊ ခလယ်လွီထူခရိုင် ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး နော်သဘွဲဖော၊ ခလယ်လွီထူ ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး သရာစောတောဒိုထူး၊ ကျောင်းသူကျောင်းသားများနှင့် ပြည်သူလူထုများ တက်ရောက်ကျင်းပခဲ့ပြီး အခမ်း အနားတွင် သင်တန်းပြီးမြောက်သည့် တပ်စိပ်မှုးအသစ််များကို တပ်မဟာမှူးကိုယ်တိုင် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့သည်။
သင်တန်းကို တပ်မဟာအဆင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များမှ ဦးဆောင်ပြီး ပထမအကြိမ် တပ်စိပ်မှူးဖြစ်သင်တန်းကို သင်တန်း ဆရာ (၅) ဦး မှ ပို့ချခဲ့သည်။
သင်တန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ (၄)လကြာ ပေးပို့ခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) ဌာနချုပ်၊ KNLA တပ်ရင်း (၇၊၈၊၉)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) တို့မှ တပ်စိပ်မှူးများ တက် ရောက်ခဲ့ကြသည်။
သင်တန်းကို တပ်စုမှူးအဆင့်မှ မိမိတို့ သက်ဆိုင်ရာတပ်တွင် မိမိတို့လက်အောက်ရှိ တပ်သားများကို ခေါင်းဆောင်နိုင်ရန် ရည်ရွယ်၍ သင်တန်း ကို ပြုလုပ်ရခြင်းဖြစ်ပြီး သင်တန်းတွင် စာတွေ့၊ လက်တွေ့ ပိုင်းနှစ်ခုလုံး ပေးပို့ခဲ့သည်။
သင်တန်းကာလအတွင်း သင်တန်းပြင်းထန်သည့်အလျှောက် အချို့သော သင်တန်းသားများ သင်တန်းကို ပြီးမြောက်သည်အထိ မတက်နိုင်ပဲ ထွက်သွားခဲ့သည်များလည်းရှိပြီး သင်တန်းသား (၂၈) ဦးခန့်သာ ခန့်သာ သင်တန်းကို ပြီးဆုံးသည့်အထိ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။