စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင်တွင် မြေယာကော်မတီနှင့် သစ်တောဌာနဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအစီအစဉ် ကျင်းပပြုလုပ်ပြီးစီး

အောက်တိုဘာလ (၃၀) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလာယာခရိုင် တပ်မဟာ (၆)၊ နို့တကော( ကြာအင်းဆိပ်ကြီး) မြို့နယ်တွင် ဗဟိုမြေယာကော်မတီနှင့် ဗဟိုသစ်တောဌာနတို့မှ ဦးစီးပြီး မြေယာကော်မတီနှင့် သစ်တောဌာနဆိုင်ရာ ရှင်းလင်းတင်ပြခြင်း ခေါင်းစဉ် ဖြင့် ၂၀၂၃ ခုနှစ် အောက်တို ဘာလ (၂၃) ရက်နေ့ မှ (၂၆) ရက်နေ့ ထိ (၄) ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ် ပြီးစီးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြေယာကော်မတီနှင့်ပတ်သက်၍ မြေယာကော်မတီ၏ သက်ဆိုင်ရာ ဗဟိုအဆင့်နှင့် ခရိုင်အဆင့် လုပ်ငန်းအဖွဲ့တာ ဝန်များပြောကြားခြင်း၊ မြေယာပြဿနာဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်၊ ဗဟိုအဆင့် နှင့်ခရိုင်အဆင့် မြေယာပြဿနာဖြေရှင်းရေးအတွက် အမျိုး အစား ခွဲခြား သိရှိရန်၊ မြေယာ ပြဿနာဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအား ပိုမိုသိရှိစေရန်နှင့် ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်း များအကြောင်းကို ကော်သူးလေလယ်ယာဌာန ဗဟို၏ ဌာနမှူး ပဒိုစောလေ့စေး မှ ရှင်းလင်းတင်ပြပြီ မြေယာနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာန များမှ အမေးအဖြေများနှင့် သိလိုသည် များကို မေးမြန်း ခဲ့ကြပါသည်။
သစ်တောဌာန မှလည်း သစ်တောနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကိုအစီရင်ခံတင်ပြခြင်း၊ သစ်တောကဏ္ဍ၏ မဟာဗျူဟာမြောက် လုပ်ငန်း စီမံချက် (FSP) ရှင်းလင်းတင်ပြခြင်း၊ လေးနှစ်တာကာလ အတွက် လုပ်ဆောင်မည့် ရည်မှန်းချက်ပန်းတိုင် (၆) ချက်ကိုတင်ပြခြင်း၊ သစ်တောမြေနှင့်သယံဇာတကို စီမံအုပ်ချုပ်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ အသိပညာပေးဆောင်ရွက်နိုင်ရန်နှင့် လုပ်ဆောင်မှု စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် အတွက် ရှင်းလင်းတင်ပြခဲ့သည့်အပြင် ရှားပါးမျိုးစိတ် တိရိစ္ဆာန်များ ကာကွယ်နိုင်ရန်နှင့် ကေအဲန်ယူနယ်မြေတွင်း သစ်တောများ ကို ပြန်လည်ထိန်းသိမ်း မြင့်တင်စေရန် ကိုလည်း ကော်သူးလေသစ်တောဌာန ဗဟို၏ ဌာနမှူး ပဒိုမန်းဘထွန်းမှ ပြောကြားခဲ့ပါသည်။
ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းလမ်းညွန်များနှင့်ဆိုင်သော အခြေခံမူ၊ ရည်ရွယ်ချက် ပြုန်းတီးမှု အကြောင်းအရာ၊ ကာကွယ်သင့် သည့် ဒေသများနှင့် ထိန်းသိမ်းခြင်းဆိုင်ရာမဟာဗျူဟာများ အကြောင်း ကိုလည်း နောက်ရက်များတွင်ဆက်ရှင်းလင်းတင်ပြကာ အမေးအဖြေ ကဏ္ဍ ဖြင့် သက်ဆိုင်ရာ ဌာနအလိုက်တာဝန်ရှိသူများမှ မေးမြန်းဖြေကြားခဲ့ပါသည်။
လုပ်ငန်းတာဝန်အဆင့်ဆင့်နှင့် အထောက်အကူပြုလုပ်ငန်းများ လိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းကို ဆက်လက်ရှင်းလင်းတင်းပြခဲ့ပြီး မြေယာကော်မတီနှင့်သစ်တောဌာနဆိုင်ရာ ရှင်းလင်း တင်ပြခြင်း အစီအစဉ်ကို အွန်လိုင်းဖြင့် သက်ဆိုင်ရာခရိုင်အလိုက် ကျင်းပပြီးသော်လည်း မြေပြင်ဆင်း၍ ရှင်းလင်းတင်ပြခြင်းကို ဒူးပလာယာခရိုင်အပါအဝင် ခရိုင် (၂)ခု၌တွင်သာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။
ထိုရှင်းလင်းပွဲသို့ ကော်သူးလေသစ်တောဌာန ဗဟို၏ ဌာနမှူး ပဒိုမန်းဘထွန်း၊ ကော်သူးလေလယ်ယာဌာန ဗဟို၏ ဌာနမှူး ပဒိုစောလေ့စေး၊ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒို စောလစ္စတန်၊ ဒူးပလာယာခရိုင် တပ်မဟာမှူး ဗိုလ်မှူချုပ်စောကိုထူး ဒူးပလာခရိုင်အတွင်းရှိ မြို့နယ် အလိုက် သစ်တောဌာန၊ လယ်ယာဌာနတာဝန်ရှိသူများ မြေယာကော်မတီမှတာဝန်ရှိသူများနှင့် မွေးမြူရေးဌာနမှတာဝန်ရှိသူများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ပါသည်။