စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး (K.Y.O) မှဦးဆောင်ပြီး ပထမအကြိမ် "Nation Building & Political Empowerment Program (T.O.T)" ရက်ရှည်သင်တန်း ကျင်းပပြုလုပ်ပြီးစီး

အောက်တိုဘာလ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး (K.Y.O) ၏ ဦးဆောင်မှုဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ မှ အောက်တိုဘာလ (၂၃) ရက် နေ့အတွင်း ပထမအကြိမ် "Nation Building & Political Empowerment Program (T.O.T)" ရက်ရှည်သင်တန်းအား ကေအဲန်ယူ-ဒူးသထူ ခရိုင်တွင် ကျင်းပပြုလုပ် ပြီးစီးခဲ့ပြီး သင်တန်းသို့ ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ် (၅)ခု မှ ကရင်လူငယ်အစည်းအရုံး (K.Y.O) မှတာဝန်ရှိလူငယ်များ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာ လူငယ်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် "Nation Building & Political Empowerment Program (T.O.T)" သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒူးသထူ ခရိုင်အတွင်းရှိ ပြည်သူလူထုများအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ချမှတ်ထားသော လမ်းညွှန်မှု၊ မူနှင့် လမ်းစဥ် လုပ်ငန်းစဥ် များအား အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် တစ်တက်တစ်အား တက်ကြွစွာ ကူညီ ဆောင်ရွက်နိုင်ရန်၊ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး အ တွက် မျိုးချစ်လူငယ်ခေါင်းဆောင်များကို မွေးထုတ် ပေးနိုင်ပြီး ကမ္ဘ့ာနိုင်ငံရေးအခင်းကျင်းများနှင့်အတူ ကရင့်တော်လှန်ရေး အခြေနေနှင့် ကိုက်ညီ သည့် နိုင်ငံရေးဗဟုသုတများအပြင် မိမိအမျိုးသားသမိုင်းကို လေ့လာဖော်ထုက်ရန်၊ စာပေယဥ်ကျေးမှု ကိုထိန်းသိမ်းကာကွယ်ကာ တိုးတက်ပြန့်ပွားအောင်လုပ်ဆောင်ရာတွင် အကျိုးပြုရန်အတွက် ဖြစ်သည်။
သင်တန်းတွင် (1) KNU Policy၊ (2)KYO Constitution Update၊ (3)Political Update၊ (4)Nation Building to State Building၊ (5)SOP&TOR Writing၊ (6)Statement Writing၊ (7)Public Speaking၊ (8)Community mobilisation၊ (9)Human Right၊ (10)Karen History၊ (11)Forest Policy Update၊ (12) Natural Resources Governance၊ (13)Social Media၊ (14)Federal & Democracy၊ (15)Personal Leadership စသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းတွင် ပို့ချခဲ့သည့် ဘာသာရပ်များအား ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး (ဗဟို)၊ (ခရိုင်) နှင့် ကရင်လူငယ်အစည်းအရုံး (K.Y.O) တို့မှ သင်တန်းဆရာများနှင့် ကရင်လူမှုအဖွဲ့အစည်းမှ ဆရာ၊ ဆရာမများ လာရောက်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။
သင်တန်းကာလအတွင်း (T.O.T) သင်တန်းသားများမှ မိမိတို့သင်ယူရရှိခဲ့သော ဘာသာရပ်များအား ကွင်းဆင်း၍ ပြန်လည်ပို့ချခြင်း အစီအစဥ် ပါရှိပြီး ကေအဲန်ယူ-ဒူးသထူခရိုင်ရှိ ကော်သူးလေ ထီးလေးခေါ့ (DJC)ကျောင်း၊ ကော်သူးလေကြိုးဝိုင်းအထက်တန်းကျောင်း၊ ကော်သူးလေ မယ်သဲခီး အထက်တန်း ကျောင်းများသို့ သွားရောက်ကာ ကွင်းဆင်းပို့ချခဲ့သည်။
"Nation Building & Political Empowerment Program (T.O.T)" ရက်ရှည်သင်တန်းအား စက်တင် ဘာလ (၆) ရက်နေ့တွင် အခမ်းနား ကျင်း ပကာ ဖွင့်လှစ်ပေးခဲ့ပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်ပေးအပ်သည့် အခမ်းနားကျင်းပကာ ပိတ်သိမ်းခဲ့သည်။
သတင်းအရင်းအမြစ် − ဒူသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။