စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို၌ တန်ဆောင်တိုင်မီးထွန်းဆုတောင်းပွဲနှင့် လူငယ် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

နိုဝင်ဘာလ (၂၈) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် မဲဝါးကလိုးတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့၌ တန်ဆောင်တိုင် မီးထွန်း ဆုတောင်းပွဲကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာစောဆာလားမူ နှင့် ဆရာမ နော်ဘွေ့ပစော်သော တို့က တာဝန်ယူဆောင်ရွက်ပြီး ခေါင်းဆောင်များ ကျောင်း သား များ၊ လူငယ်များ နှင့် ရွာသူရွာသားများ စုစုပေါင်း (၂၅၀) ကျော်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ မီးထွန်းဆုတောင်းပွဲတွင် အဖွင့်အမှာစကားနှင့် တန်ဆောင်တိုင်မီးထွန်းဆုတောင်းပွဲ ပြုလုပ်ကျင်းပရသည့် ရည်ရွယ်ချက်အား ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး (ဗဟို) တွဲဖက် အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း မှ ပြောကြားခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) တွဲဖက်အ တွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) လမ်းပန်း ဆက်သွယ်ရေးဌာနမှူး ပဒိုစောကလယ်စေး၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ဌာနချုပ် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်း နှင့် ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) အမြဲတမ်းကော်မတီဝင်ဖြစ်သူ ပဒိုစောလယ်နယ်တို့က အားပေးတိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပါသည်။

ထို့နောက် မျိုးဆက်သစ်ကျောင်းသားလူငယ်များနှင့် ကရင်လူငယ်အစည်းအရုံး (KYO) တို့မှ တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှု အပြီးတွင် တန်ဆောင်တိုင်မီးထွန်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လူငယ်များအချင်းချင်း ပိုမို ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး (KYO) ဗဟို အတွင်းရေးမှူး (၂) ဆရာစောအယ်ထီးကော်မှ ဦးဆောင်၍ လူငယ်မိတ်သဟာရ အစီအစဉ်အား ပြုလုပ် ခဲ့ပါသည်။