စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်တွင် ကမ္ဘာဆရာများနေ့ကို ဂုဏ်ပြုကျင်းပပြီး ပညာရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခဲ့


အောက်တိုဘာလ (၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူဗဟို။

၂၀၂၃ ခုနစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာကမ္ဘာ့ဆရာများနေ့ကို ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ် တာစေးဒဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားကိုအပိုင်းနှစ်ပိုင်းဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ခလယ်လွီထူခရိုင် ပညာရေးဌာနမှူး ပဒိုစောခဲလ်ဘီး၊ ပဒိုစောဆာကပေါ်လေး ဆောထိမြို့နယ် ပညာ ရေးဌာနမှူး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၇) မှ ဗိုလ်ကြီးစောမူးကပော် နှင့် ဗိုလ်စောဟဲရေ၊ ကျောင်းသားမိဘများ၊ ရပ်မိ ရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ပြည်သူလူထု (၂၀၀) ကျော်မှ ကမ္ဘာဆရာများနေ့အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။
 
အစီအစဉ် ပထမပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာသူများမှ နေရာယူပြီး ကရင်အမျိုးသား အလံတော်ကို အလေးပြုခြင်ဖြင့် အခမ်းအ နားကိုစ တင်ခဲ့ပါသည်။ ထို့နောက် မိတ်ဆက်ခြင်းအစီအစဉ် ပြုလုပ်ပြီး သဘာပတိမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘာဆရာများနေ့ အကြောင်းအရာများဖတ်ကြားခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း၊ အားပေးစကားပြောကြားခြင်းနှင့် ပဒိုစောခဲလ်ဘီးမှ ပညာရေးဆိုင်ရာ အကြောင်းအရာများ ပညာရေးဌာန၏ ဖွဲ့စည်းပုံ၊ လမ်းစဉ်လုပ်ငန်းစဉ် နှင့် လက်ရှိနိုင်ငံရေးနှင့် ပညာရေးဆက်နွယ်မှုကို အသိပေးပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းဆရာ/မ များအား ဂုဏ်ပြုခြင်း၊ ကျေးဇူးတင်ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ နိဂုံးချုပ်စကားပြောကြာပြီး အစီအစဉ်ပထမပိုင်းကို ကရင်အမျိုးသားသီချင်းသီဆိုပြီး ရုပ်သိမ်းခဲ့ပါသည်။

အစီအစဉ် ဒုတိယပိုင်းကို ညနေ ၁၂ နာရီ ခွဲတွင်ပြန်လည်စတင်ပြီး ကျောင်းသားမိဘ၊ ကျောင်းကော်မတီနှင့် ကျေးရွာအုပ်စုခေါင်းဆောင်များအားတစ်စု၊ ကျောင်းဆရာ/မများအား အုပ်စုတစ်စုဖြင့် အုပ်စု (၂) ခုခွဲကာ (၁)လက်ရှိနိုင်ငံရေး အပြောင်းအလဲကြောင့် ပညာရေးကို ပိုမိုကောင်း မွန်လာစေသည့်အရာ (ဝါ) ပညာရေးကို ပိုမိုဆိုးရွားလာစေသောအရာ၊ (၂) အနာဂါတ်မှာ ကိုယ်နယ်မြေဒေသမှာမြင်လိုသော ပိုကောင်းစေလိုသော ပညာရေးစနစ်နှင့် ကရင့် ပညာရေးတစ်ခုလုံး စတဲ့ခေါင်းစဉ်များဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

ယခုအစီအစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိခင်ဘာသာစကား၏အရေးကြီးပုံကို ပိုမိုသိရှိရန်၊ လက်ရှိ ပညာရေးအနေအထားကို ပိုမိုသိရှိနားလည် စေရန်။ ကျောင်းသားမိဘများ ကျေးရွာအုပ်ချုပ် သူများနှင့် ကော်သူးလေကျောင်းဆရာဆရာမများ အစိုးရဆရာဆရာမများနှင့်လည်း လက်တွဲပူး ပေါင်းမှု အား ကောင်း စေရန် တို့ဖြစ်ပါသည်။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။