စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ဒူးသထူခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာ ခရိုင်တို့ရှိ ခေါင်းဆောင်များမှ နဝမအကြိမ်မြောက် NGLP ကျောင်းရှိ ကျောင်းသူကျောင်းသားများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြား


အောက်တိုဘာလ (၆) ရက် ၊၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး (ဗဟို) ဌာနချုပ်ရှိ မျိုးဆက်သစ်ခေါင်းဆောင်ပြုစုပျိုးထောင်ရေးကျောင်းတွင် မျိုးဆက်သစ်ကျောင်း၏ ကျောင်း အုပ်ကြီး ပဒိုစောပိုးပိုထူးအောင်နှင့်တစ်ကွ မူတြော်ခရိုင်၊ ဒူးသထူခရိုင်၊ ဒူးပလာယာခရိုင် အစရှိသည့် ခရိုင်အသီးသီးရှိ ခေါင်းဆောင်များမှ န၀မအကြိမ် မြောက်မျိုးဆက်သစ်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ၂၀၂၃ ခုနှစ် အောက်တို့ဘာလ (၂) ရက်နေ့တွင် သွားရောက်တွေ့ဆုံကာ အားပေးတိုက် တွန်းစကားများ ပြောကြား ပေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နဝမအကြိမ်မြောက်မျိုးဆက်သစ်ပြုစုပျိုးထောင်ရေးကျောင်း၏ ကျောင်းအုပ် ကြီး ပဒိုပိုပိုထူးအောင်မှ ကျောင်းသူကျောင်းသားများကို သက်ဆိုင်ရာ ခရိုင်တာဝန်ရှိခေါင်းဆောင်များနှင့် အသိပေးမိတ်ဆက်ပေးခဲ့ပြီး ကျောင်း၏ လည်ပတ်မှုအခြေအနေများနှင့် သင်ကြားပို့ချမှုအခြေအနေ များတို့ကို ရှင်းလင်းပြောကြားသွားခဲ့သည်။

ထို့နောက် မူတြော်ခရိုင်၏ အတွင်းရေးမှူးပဒိုစောကလိုထူးမှ န၀မအကြိမ်မြောက် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများအား ခရိုင်အသီးသီးမှ တက်ရောက်လာသောလူငယ်များအနေဖြင့် မိမိခရိုင်တွင်ပြန်လည်၀င်ရောက်လုပ်ကိုင်ရမည့်သူများဖြစ်ကြောင်းနှင့် လက်ရှိနိုင်ငံရေး အကြပ်အတည်း ကြောင့်သော်၎င်းနိုင်ငံရေးစိန်ခေါ်မှုများကြောင့် စိတ်ဓာတ်ကျအားငယ်ခြင်းမရှိဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အသိပညာ၊ အတတ်ပညာ၊ ကြိုးစားအား ထုတ်မှုဖြင့် ဦးဆောင်မည့် လူငယ်များ ဖြစ်ဖို့ရန်မှာကြားခဲ့သည်။

ထို့အပြင် ဒူသထူခရိုင်တွဲဖက်အတွင်းရေးမှူးပဒိုစောအေးနိုင်မှ လူငယ်များအား နာခံမှု၊ သင်ယူတတ်မြောက်လိုစိတ်နှင့် ကြိုးစားအားထုတ်လိုစိတ် ရှိသောလူငယ် များဖြစ်စေဖို့ မိမိခရိုင်အသီးသီးသို့ ပြန်လည် ရောက်ရှိပါက စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်နိုင်သော လူငယ်များဖြစ်စေဖို့ရန် အားပေး တိုက်တွန်း စကားပြောကြားခဲ့ပြီး ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် (ယခင်မျိုးဆက်သစ် ကျောင်းအုပ်ဟောင်း)မှလည်း လူငယ်များအနေ ဖြင့် အဖိုးတန်သောရတနာများဖြစ်သကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်နိုင်သော လူငယ်များဖြစ်ဖို့ကိုလည်း အသီးသီးအားပေးတိုက်တွန်းစကား ပြောကြား ခဲ့ပါသည်။