စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဖားအံခရိုင်ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးနှင့်လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်


စက်တင်ဘာလ (၂၈) ရက်၊၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ဖားအံခရိုင်ကရင်လူငယ်အစည်းအရုံး၏ နှစ်ပတ်လည်အစည်းအဝေးနှင့် လူငယ်တွေ့ဆုံပွဲကိုနဘူးမြို့နယ် ထီးကလေးကျေးရွာအုပ်စု ကရင်လူငယ်အစည်းအရုံး (K.Y.O) ရုံးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့မှ (၁၇) ရက်နေအထိ အဆိုပါတွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအား ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ပြုလုပ်ကျင်းပခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ခရိုင် ရဲမှူးဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ ဖားအံခရိုင်စည်းရုံးရေးဌာနမှူး ပဒို နော်စေးဝါး၊ ပိုင်ကျုံမြို့နယ်ဥက္ကဌ နှင့် စည်းရုံးရေးဌာနမှူး၊ ထီလုံမြို့နယ်အတွင်းရေးမှူး နှင့်စည်းရုံးရေးဌာနမှူး၊ လှိုင်းဘွဲ့မြို့နယ်စည်းရုံးရေးဌာနမှူး၊ဗဟို ကရင်လူငယ်အစည်းအရုံး၊ လှိုင်းဘွဲ့မြို့နယ် ကရင်လူငယ်အစည်းအရုံး၊ ပိုင်ကျုံမြို့နယ်လူငယ် အစည်းအရုံး၊ နဘူး မြို့နယ်ကရင်လူငယ်အစည်းအရုံးနှင့် ကရင်အမျိုးသမီးအစည်းအရုံး၊ဒုံရင်းမြို့နယ်ကရင်လူငယ်အစည်းအရုံးမှကရင်လူငယ်များ၊ မယ်လ ကရင်လူငယ်အစည်းအရုံးမှတာဝန်ရှိသူများအပြင် အခြားသောကရင်လူငယ်မောင်မယ်များတက်ရောက် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသောခေါင်းဆောင်များမှ လူငယ်များအတွက် ယနေ့ခေတ်ကာလမှာတွေ့ကြုံနေရသော စိန်ခေါ်မှုများအား ကျော်ဖြတ် နိုင်စေရန်အတွက် တိုက်တွန်းအားပေးစကား များအသီသီးပြောကြားခဲ့ပါသည်။ ထို့နောက် လူငယ်များအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အခြေခံဖွဲ့စည်းပုံလမ်းစဥ်လုပ်ငန်းစဥ်၊ KYO ကရင်လူငယ်အစည်းအရုံးအခြေခံဖွဲ့စည်းပုံ၊ ခေါင်းဆောင်မှုဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာများအား သက်ဆိုင်ရာ ခေါင်း ဆောင် များမှ လူငယ်များအတွက်ရှင်းလင်းပြောကြားခဲ့ပါသည်။

လက်ရှိလူငယ်များကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းအဆိုပါ ဆွေးနွေးပွဲ သို့တက်ရောက်လာသောလူငယ်များအပြင် ခေါင်းဆောင်များတို့မှ အကြေအလည်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းလုပ်ဆောင်မည့်ဆုံးဖြတ်ချက်များကိုလဲ ချမှတ် နိုင်ခဲ့ပါသည်။ ထို့နောက် အဆိုပါ လူငယ်တွေ့ဆုံပွဲကို ကရင်အမျိုးသားသီချင်းသီဆိုပြီးရုပ်သိမ်းခဲ့ပါသည်။

သတင်းအရင်းအမြစ် - ဖားအံခရိုင်-သတင်းနှင့်ပြန်ကြားရေး။