စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-မူးမြို့နယ်၏ (၉) ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံးကွန်ကရက် ကျင်းပပြီးစီး


စက်တင်ဘာလ (၂၂) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၉) ရက်မှစ၍ (၂၂) ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ (ညောင်လေး ပင်) ခရိုင်၊ မူး(မုန်း)မြို့ နယ်တွင် ကရင်အမျိုးသမီးအစည်းအရုံး၏ (၉) ကြိမ်မြောက် ကွန်ကရက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကရင်အမျိုးသမီးအစည်းအရုံးကွန်ကရက်တွင် ကျေးရွာ/အုပ်စု(၁၀)မှ ကရင်အမျိုးသ မီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့သည်။ ကွန်ကရက်အတွင်း ကရင်အမျိုးသမီးအစည်းအရုံး၏ အလုပ်မှုဆောင်ကော်မတီ(၉)ဦးကိုရွေးချယ်တင်မြှောက်ပြီး ထိုအလုပ်မှု ဆောင်ကော်မတီတို့၏လုပ်ငန်းတာဝန်းများအသီးသီးခွဲဝေပေးမှုများပြုလုပ်ခဲ့ပါသည်။

ထို့နောက် ရွေးချယ်တင်မြှောက်ထားသည့် အမျိုးသမီးခေါင်းဆောင်များမှ ကျမ်းသစ္စာကျိန်ဆိုပြီး (၂) တာလုပ်ဆောင်လာခဲ့သော လုပ်ငန်းများကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် ရှေ့(၂)နှစ်တာကာအတွင်း လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့သည်။ ယခုကွန်ကျင်းပသော ကွန်ကရက် တွင်အလုပ်အမှုဆောင်ကော်မတီ (၉)ဦးကိုရွေးချယ်တင်မြောက်ပြီး လုပ်ငန်းတာဝန်များကိုပါချမှတ်ခဲ့သည်။

ရွေးချယ်တင်မြှောက်ခဲ့သော အလုပ်အမှုဆောင် (၉) ဦးမှာ
၁။ နော်ဟေဘလုဖော - ဥက္ကဌ
၂။ နော်အယ်သယူဆဲ - ဒုဥက္ကဌ
၃။ နော်ခူအယ်ဖော - အတွင်းရေးမှူး
၄။ နော်ဆဲခူဖော - တွဲဖက်အတွင်းရေးမှူး
၅။ နော်ဂျူလိုင်ဖော - စည်းရုံးရေးနှင့်ပညာပေးရေးဌာနမှူး
၆။ နော်ဖောအယ်တာကပေါ်ဆှီး - ပညာရေးနှင့် ကျန်းမာရေးဌာနမှူး
၇။ နော်လယ်ဖော - အရပ်ဖက်အဖွဲ့အစည်းတာဝန်ခံ
၈။ နော်ထီးခူဆဲ - ဘဏ္ဍာရေးမှူး
၉။ နော်ဆဲဃီးလာဖော - စာရင်းစစ် တို့ဖြစ်သည်။

ကရင်အမျိုးသမီးအစည်းအရုံး၏ကွန်ကရက်မစတင်မှီ သင်တန်းပေးခြင်းအစီအစဉ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့မှ ကို (၁၈)ရက်အထိ ပြုလုပ်ခဲ့ပြီးမှ ကရင်အမျိုးသမီးအစည်းအရုံး၏ ကွန်ကရက်ကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပ ပြုလုပ်ကာ စက်တင်ဘာလ (၂၂) နေ့တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။

ကေအဲန်ယူ−မူးမြို့နယ်၏ ကရင်အမျိုးသမီးအစည်းအရုံးကွန်ကရက်ကို (၂)နှစ်တစ်ကြိမ်ကျင်းပပြီး ယခုကျင်းပြုလုပ်သည့် ကွန်ကရက်သည် (၉)ကြိမ် မြှောက်ဖြစ်သည်။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။