စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့‌‌နေ့ အခမ်းအနားအား ဖားအံခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ကျင်းပပြုလုပ်

စက်တင်ဘာလ (၉) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၃ ခုနှစ် စက်တင်ဘာလ(၉) ရက်နေ့တွင် ကျရောက်သော "(၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနား"ကို ဖားအံခရိုင် တပ်မဟာ (၇) ကော်သူးလေအုပ်ချုပ်နယ်မြေကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားမှူးအဖြစ်ဒုဗိုလ်မှူးကြီး စောဆာမူစေးနှင့် ဒုဗိုလ်စောခူဂေ တို့ဦး‌ဆောင်ပြီး အခမ်းနားအစီစဉ်ဖတ်ကြားပြီးနောက်မှာတော့ ကရင်အမျိုးသားအလံ တော်အား အလေးပြုကာအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။

ထိုအခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒို စောသမိန်ထွန်း၊ ဖားအံခရိုင်ဥက္ကဌ‌ပဒို‌စောအောင်မော်အေး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င် ပဒိုနော်ဒါးဒါး၊ဗဟိုကော်မတီ၀င်ပဒိုမန်းကနေဒီ၊ဗဟိုကော်မတီ ၀င် ‌ပဒိုနော်မေရီဌေး၊ ဗဟိုရဲမှူးချုပ်ဗိုလ်မှူးကြီး စောကြည်နို၊ ခရိုင်ရဲမှူးကြီးဒုဗိုလ်မှူးကြီး စောမောင်ကြည် တို့အပါဝင် ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူလူထုစုစုပေါင်း (၂၀၀)၀န်းကျင်ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒို‌စောကွယ်ထူး၀င်း‌မှ (၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ပေးပို့လာ‌ သောသ၀ဏ်လွှာကို ဒုဗိုလ်စောရာဇာဟိန်းမှဖတ်ကြားခဲ့ပြီးနောက် ရဲမှူးကြီးမိန့်ခွန်းအား ဒုဗိုလ်စောဩဂုတ်စတားဝါးမှ မြန်မာဘာသာဖြင့်ဖတ်ကြားကာ ကေအဲန်ယူ− ကရင် အမျိုးသား အစည်းအရုံး ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်ပဒိုစောသမိန်ထွန်း၊ ဖားအံခရိုင် ဥက္ကဌ‌ ပဒို‌စောအောင်မော်အေး တို့မှ တိုက်တွန်းစကားပြောကြားခဲ့ပြီး ဖားအံခရိုင် ဘံအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်မှ ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့ဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်းကိုပြောကြားခဲ့သည်။

ထို့အပြင် ဖားအံခရိုင်အထက်တန်းကျောင်း ကျောင်းသူကျောင်းသားများနှင့် ဖားအံခရိုင် ကရင်အမျိုးသမီးအစည်းအရုံးတို့သည်လဲ (၃၂) မြောက်ကရင် အမျိုးသားရဲတပ်ဖွဲ့နေ့ကို သီချင်းဖြစ်ဂုဏ်ပြုသီဆိုခဲ့ပြီးနောက် အခမ်းအနားကိုကရင်အမျိုးသားသီချင်းဖြင့်အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။