စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်လူငယ်အစည်းအရုံး (K.Y.O) ဗဟို မှ ဦးဆောင်ပြီး လူငယ်မိတ်သဟာရ နှီးနှောဖလှယ်ပွဲ အစီအစဉ်အား ပြုလုပ်ကျင်းပ

စက်တင်ဘာလ (၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကရင်လူငယ်အစည်းအရုံး (K.Y.O) ဗဟို မှ ဦးဆောင်ပြီး လူငယ်မိတ်သဟာရ နှီးနှောဖလှယ်ပွဲ အစီအစဉ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၄) ရက် နေ့မှ (၅) ရက်နေ့အထိ နှစ်ရက်တာကို ကရင်လူငယ် အစည်းအရုံး (K.Y.O) ဗဟို နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၄) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမိုးစက်၊ ဖားအံခရိုင်ရဲမှူးချုပ် ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ ကရင်လူငယ်အစည်းအရုံး (ဗဟို)၊ ကရင်လူငယ်အစည်းအရုံး (ဖားအံခရိုင်)၊ ကရင်ဥပဒေ အထောက်အကူပြုအဖွဲ့နှင့် မဟာမိတ်အဖွဲ့အသီးသီး မှ တိုင်းရင်းသားလူငယ်များ အပါအဝင် လူဦးရေ စုစုပေါင်း (၆၀) ကျော် တက်ရောက်ခဲ့ပါသည်။

အဖွဲ့အသီးသီးမှ လူငယ်တွေတွေ့ဆုံ၍ မိတ်သဟာရ အစီအစဉ်တွေပြုလုပ်ပြီး ရှေးဆက်သွားမည့် တော်လှန်ရေးလှုပ်ရှားမှု နဲ့ ပတ်သက်၍ ယခုလို အဖွဲ့ အသီးသီးတက်ရောက်လာတဲ့ အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို မဟာမိတ်ဆက်ဆံရေးနဲ့ ချိတ်ဆက်သွားမလဲ၊ ဘယ်လိုလမ်းစဉ် ချမှတ်ကြမလဲ၊ ဘယ်လိုလုပ်ငန်းစဉ်တွေလုပ်ဆောင်ကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ကျင်းပ သွားကြောင်း ဆရာစောသဟဲစရီး မှ ပြောကြားသွားပါသည်။

ထို့အပြင်ယုံကြည်ချက်တစ်ခုဖြစ်တဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ လူမျိုးပေါင်းစုံပြည်သူတွေ တန်းတူ အခွင့်အရေး ရရှိရန်ဆိုတဲ့ရည်ရွယ်ချက် ၊ ဒီလူ့ အဖွဲ့အစည်းဟောင်းကိုဖျက်သိမ်းပြီးတော့ လူသားတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်ဖို့ ဆိုတဲ့ တူညီတဲ့ ဘုံရည်မှန်းချက်နဲ့ လူငယ်မိတ်သဟာရ နှီးနှောဖလှယ်ပွဲ ကို ပြုလုပ်သွားသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်း ကော်မတီဝင်နှင့် ကရင်လူငယ်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဖြစ်သူ ပဒိုစောလယ်နယ်မှ ပြောကြားသွားပါသည်။

နှစ်ရက်တာတွင် လူငယ်များအချင်းချင်း မိတ်ဆက်ခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် လှုပ်ရှား ဆောင်ရွက်ချက်များအားမျှဝေခြင်း နှင့် လူငယ်များ၏ အရေးပါမှုအား ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များ မှ မျှဝေပေးခြင်း၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မျှဝေဖလှယ် မှုများ ပြုလုပ်ခြင်း၊ လူငယ်အစုအဖွဲ့များမှ လှုပ်ရှားဆောင်ရွက်မှုများကို ဆွေးနွေဖလှယ်ခြင်း၊ မြန်မာပြည် လူ့အဖွဲ့အစည်း၏ဖြစ်ပေါ်နေသည့် လူမှုဘဝအခြေ အနေများ အပေါ် လူငယ်များ၏ အမြင်မျာအား မျှဝေခြင်း၊ ကော်သူးလေတရားဥပဒေဆိုင်ရာ အသိပညာဗဟုသုတဉာဏ်စမ်းကစားပွဲများ ကစားခြင်း၊ လူငယ်မိတ်သဟာရ ကစားပွဲများ၊ အမျိုးသား အမျိုးသမီးစုပေါင်းဘောလုံးပွဲ နှင့် ဆုပေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။