စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဆောထိမြို့နယ် တာဝန်ရှိခေါင်းဆောင်များမှ ထိခိုက်ဒဏ်ရာရှိသူများအား သွားရောက် တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ အခြေခံစားသောက်ကုန်များထောက်ပံ့ကူညီ

စက်တင်ဘာလ (၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဆောထိမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ပိုင်ဆိုင်မှုများနှင့် မိသားစုဝင်များဆုံရှုံးခဲ့ရသော ပျဉ်ရေ အနောက်ဘက် ခြမ်းမှ နေအိမ် (၅) လုံးနှင့် ချုံအင်းရွာမှ နေအိမ် (၁) လုံးမှ ပြည်သူလူထုများထံသို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် ကေအဲန်ယူ−ဆောထိမြို့နယ် တာဝန်ရှိသူများမှ သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ ကို ထောက်ပံ့ ကူညီပေးခဲ့ပါသည်။

ထိုသို့ သွားရောက်တွေ့ဆုံမှုအား ကေအဲန်ယူ−ဆောထိမြို့နယ် တာဝန်ရှိခေါင်းဆောင်များမှ ဦးဆောင်ပြီး ဆောထိမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့် အတူတကွလက်တွဲကာ လုပ်ဆောင်ခဲ့ပြီး ထိုပြည်သူလူထုများနှင့် သွားရောက်တွေ့ဆုံစဉ်အတွင်း အားပေးစကားများပြော ကြားခြင်း နှင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား နှင့် ငွေကြေးအချို့အား ထောက်ပံ့ကူညီ ပေးခဲ့ပါသည်။