စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ်၌ ကရင်ရိုးရာ လက်ချည်ပွဲ ကျင်းပပြုလုပ်

၃၁ သြဂုတ်လ ၂၀၂၃ ကေအဲန်ယူ - ဗဟို

၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကေအဲန်ယူ - ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် မူအေးပူတွင် ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် စတင်ကျင်ပပြီး အခမ်းအနားမှူးအဖြစ် ဗိုလ်မှူး စောနေဒိုမူး KNDO - စစ်ဦးစီးအရာရှိမှ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ ပဒို စောကလယ်စေး ( ကေအဲန်ယူ - ပြောရေးဆိုခွင့်ရှိသူ၊ ကေအဲန်ယူ - လမ်းပန်းနှင့်ပို့ဆောင်ဆက်သွယ်ရေးဌာနမှူး)၊ ဗိုလ်မှူး စောကျင်ဖေ ( KNLA - HQ )၊ ဗိုလ်မှူးချုပ် စောရှီးလေ (KNDO စစ်ဦးစီးချုပ် ) နှင့် အခြားသော ခေါင်းဆောင်များမှ တက်ရောက်ကာ တိုက်တွန်း အမှာစကားများ ပြောကြားခဲ့ကြပြီး လိပ်ပြာခေါ် လက်ချည်ခြင်းအစီအစဥ်ကို ပြုလုပ်ခဲ့ပါသည်။

ထို့နောက် KNLA - HQ နှင့် KNDQ - HQ မှ ခေါင်းဆောင်များ ချစ်ကြည်ရေး ဘော်လုံးကစားခဲ့ကြပါသည်။ ဤ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) ဌာနချုပ်မှ ကျင်းပပြုလုပ်သော ကရင်ရိုးရာ လက်ချည်ပွဲသို့ လူဦးရေပေါင်း ၅၀၀ ကျော် တက်ရောက် ဂုဏ်ပြုခဲ့ပါသည်။