စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှု အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး မှ မျိုးဆက်သစ်လူငယ်များကို ပြင်ဆင်။

ကေအဲန်ယူ-ဗဟို၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်။
အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု မြှင့်တင်ရန် အဖွဲ့အစည်း၏ ကတိကဝတ်နှင့်အညီ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးသည် ကော်သူးလေ နယ်မြေတွင် တစ်လကြာ စွမ်းရည်မြှင့်တင်ရေး လေ့ကျင့်ရေးသင်တန်းအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ သင်တန်းအားပြုလုပ်ခဲ့သည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းအား ခရိုင်နှင့် ဌာနဆိုင်ရာခေါင်းဆောင်များ ၏ ကျွမ်းကျင်မှုကို အားကောင်းစေရန် နှင့် လျင်မြန်စွာပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်းတွင် အုပ်ချုပ် ရေး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ကေအဲန်ယူ- ကရင်မျိုးသားအစည်းအရုံး၏ ကြိုးပမ်းမှု များအနက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။
တတိယနှစ်မြောက် ကျင်းပသည့် ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းသည် ကော်သူးလေ နယ်မြေအတွင်း ထိရောက်ပြီး ခံနိုင်ရည်ရှိသော အုပ်ချုပ်ရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ မျှော်မှန်းချက်ကို ပံ့ပိုးပေးသည့် ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး မဏ္ဍိုင် (၃)ရပ်အပေါ် ဦးတည်ထားသည်။ အဆိုပါ အစီအစဉ်တွင် တက်ရောက်လာသည့် ကိုယ်စားလှယ် ခေါင်းဆောင် သင်တန်းသားများအား ၎င်းတို့၏ ခရိုင်နှင့် ဌာနများကို ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ဖြင့် ဦးဆောင်ရန်အတွက် လိုအပ်သော အသိပညာ၊ ကိရိယာ (tools) များနှင့် မူဘောင်များကို ပံ့ပိုးပေးရန် ရည်ရွယ် ပါသည်။
ယခုနှစ် အစီအစဉ်၏ ဒုတိယအပိုင်းတွင် မဟာဗျူဟာအရ အရေးပါသော တောင်ပိုင်းခရိုင်များဖြစ်သည့် ဒူးသထူ ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဖားအံခရိုင် စသည့်ခရိုင်များတို့မှ ထွန်းသစ်စခေါင်းဆောင် စုစုပေါင်း (၃၈) ဦး ပါဝင်ခဲ့ သည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များအား ၎င်းတို့၏ဒေသခံလူထု၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ရန် နှင့် ကိုယ်စားလှယ်ခေါင်းဆောင်များကို စွမ်းရည်မြှင့်စေရန် ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ထားသော အုပ်ချုပ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးကျောင်း (SGPA)သည် ဤသင်တန်းဖြစ်မြှောက်ရေးတွင် အဓိကကူညီပံ့ပိုးပေးပါသည်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့အုပ်ချုပ် ရေးကျောင်း(SGPA) မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပံ့ပိုးပေးသည်သာမက သင်ရိုးညွှန်းတမ်းအား ရေးဆွဲခြင်း နှင့် သင်တန်း၏ အရည်အသွေးနှင့် လိုက်လျောညီထွေရှိမှုတို့ကို သေချာစေကာ သင်ကြားရေးဆိုင်ရာ များတို့ကိုလည် ပံ့ပိုးမှုများ ပေးဆောင်ခဲ့သည်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးကျောင်း (SGPA) တည်ထောင် သူ ဒါရိုက်တာ စောကပီ မှ "မြန်မာနိုင်ငံရှိ ဖက်ဒရယ် ဒီမိုကရေစီအတွက် ပိုမိုကျယ်ပြန့်သော မျှော်မှန်းချက်များနှင့် ကိုက်ညီနေချိန်တွင် ဒေသန္တရအုပ်ချုပ်ရေးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် သင်ရိုး ညွှန်းတမ်းများကို အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲထားပြီး၊ ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကြောင့် ရှုပ်ထွေးသော လူမှုဝန်းကျင်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များ ကိုင်တွယ် ဖြေရှင်းနိုင်ရန် စွမ်းရည်အထူးဖြည့်ဆည်းပေးခြင်း ဖြစ်သည်" ဟု ရှင်းပြခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များသည် ကော်သူးလေတွင် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျိုးဆက်သစ်ခေါင်းဆောင်များကို ပြင်ဆင်ခြင်းသည် အရေးကြီး ကြောင်း အသိအမှတ်ပြုပါသည်။ ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး ၏ အထွေထွေတွဲဖက် အတွင်းရေးမှူး (၂)၊ အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီ ဥက္ကဌ ပဒိုစောလှထွန်းမှ "ပိုမိုကျယ်ပြန့်သော မဟာဗျူဟာများ ထဲမှ လမ်းကြောင်းတစ်ခုဖန်တီးရန် ဤသင်တန်းသည် အားလုံးပါဝင်နိုင်သော ခေါင်းဆောင်မှုကို မြှင့်တင်ရန်နှင့် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံအတွင်း လူငယ်ခေါင်းဆောင် များအတွက် အဓိကအခန်းကဏ္ဍများ ဖြစ်လာစေရန်အတွက် ရည်ရွယ်သည်၊ ယခု သင်တန်းကာလ ပြီးဆုံးသည့်အချိန်တွင် စုစုပေါင်း သင်တန်းသား(၂၁၇)ဦးကို သင်တန်းပို့ချ ခဲ့ပြီးဖြစ်သည်။" ဟု အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းပြခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းမှလည်း “ကေအဲန်ယူ သည် လက်နက် ကိုင် တော်လှန်ရေးစတင်ကတည်းက မိမိနယ်မြေ မိမိလူထုများ ရှိနေသည့်အတွက် အစိုးရတရပ်အသွင်ဖြင့် အုပ်ချုပ်ရေးလုပ်ငန်း ကို လုပ်ဆောင်နေခဲ့ရပြီး လက်ရှိ အချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သည် တော်လှန်ရေးကာလ ကော်သူးလေအစိုးရ ကို စနစ်တကျဖြင့် ပိုမိုကောင်းမွန်သော အစိုးရ တရပ် ပြည့်မီလာစေရေး အတွက် အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီ၏ ပို့ချပေးလျက်ရှိနေသော သင်တန်းများမှ တဆင့် ကေအဲန်ယူ ၏ နိုင်ငံရေး ရည်မှန်းချက် နှင့် ရည်ရွည်ချက် များ ရရှိအောင်မြင်သည်အထိ ကြိုးစား လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း” သင်တန်းဆင်းပွဲ တွင် အကြံပြု အားပေးတိုက်တွန်းသွားခဲ့သည်။