စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဘိတ်-ထားဝယ်ခရိုင်၌ ရုံးစီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ကျင်းပ

အောက်တိုဘာလ (၁၇) ရက်၊ ၂၀၂၄ ခုနစ်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၌ ၂၀၂၄ ခုနစ် အောက်တိုဘာလ (၁၆) ရက် နေ့တွင် ရုံးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ရုံးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ က တတ်ရောက်ပြီ အဖွင့်အမှာစကားနှင့် အားပေးစကားပြောခဲ့သည်။
ဤသင်တန်းတွင် သင်ကြားပို့ချပေးသည် ဘာသာရပ်များသည် ကွန်ပျူတာ Skill၊ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်နှင့် စီမံခန့်ခွဲမှုစွမ်းရည်၊ ထိရောက်သော ဆက်သွယ်ရေး၊ ထိရောက်သော တွေ့ဆုံမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများ ဖြစ်သည်။
သင်တန်းတန်း၏ ရည်မှန်းချက်မှာ ဌာနအသီးသီးတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လူငယ်များ အနေဖြင့ ရုံးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်တင်ရေး ရှိလာစေရန် နှင့် လူငယ်တို့၏ အလုပ်ခွင်မှာ အဆင်သင်ဖြစ်အောင် စွမ်းဆောင်ရည် အတတ်ပညာနှင့် ရုံးစီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။