စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကျုံခဝန်ကျေးရွာတွင် ပြုလုပ်ကျင်းပသည့် ကရင့်ရိုးရာယဥ်ကျေးမှု ချည်ဖြူဖွဲ့အခမ်းအနားတွင် ဒူးပလာယာခရိုင် တာ၀န်ရှိသူများ တက်ရောက်ချီးမြှင့်

သြဂုတ်လ (၃၀) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ် ကျုံခ၀န်ကျေးရွာတွင် ၂၀၂၃ ခုနှစ် သြဂုတ် ၂၉ ရက်နေ့၌ ဒေသခံလူထုများ စုပေါင်း ကျင်းပကြသည့် (၃၃) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့အခမ်းအနားသို့ ဒူးပလာယာ ခရိုင် နှင့် မြို့နယ်မှ အုပ်ချုပ်ရေး တာ၀န်ရှိသူများ တက်ရောက်ချီးမြှင့်သွားကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ ဒူးပလာယာခရိုင်တရားသူကြီး ပဒိုစောချာလပတ်၊ ခရိုင် အမြဲတမ်းကော်မတီဝင် ပဒိုစောလေးထူး နှင့် မြို့နယ် ကရင့်ပညာရေးနှင့် ယဥ်ကျေးမှုဌာန ပဒိုမန်းရှာထူးဝေါတို့မှ ကရင့်ရိုးရာ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြင့်တင်ကြရန်နှင့် စည်းလုံးညီညွတ်မှုရှိကြစေရန် ထိုအ ခမ်းအနားတွင် အသီးသီးပြောကြားသွားကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကရင့်ရိုးရာလက်ချည်ဖြူအကများ ဖျော်ဖြေခြင်း၊ စုပေါင်းလက်ချည်ဖြူဖွဲ့ ခြင်း နှင့် လက်ချည်ဖြူဖွဲ့ခြင်း၏ ရည်ရွယ်ချက်များ လည်း ထည့်သွင်းရှင်းလင်းသွားကြောင်း သိရသည်။

ကရင်လူမျိုးတို့နေထိုင်ရာ ဒေသအသီးသီးတွင် နှစ်စဥ် ဝါခေါင်လရောက်တိုင်း ကျေးရွာအဆင့် မြို့နယ် အဆင့်အနေဖြင့် စုပေါင်းလက်ချည်ဖြူဖွဲ့ကြပြီး ကရင်လူမျိုးအချင်းချင်း သွေးစည်းညီညွတ်စေရန် နှင့် တစ်ပါးသူများ၏ သွေးခွဲမုသားစကား နှောက်ရှက်မှုမရှိလာစေရန်ဟူ၍ ရည်ရွယ်ချက်များစွာဖြင့် နှစ်စဥ် စုပေါင်း လက်ချည်ဖြူဖွဲ့ကြသည်ဟု အခမ်းအနားစီစဥ်သူများထံမှ သိရသည်။

၎င်းအကြောင်းအရာ နှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ - ဝင်းရေးမြို့နယ် မှ ပေးပို့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေး။