စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဖားအံခရိုင် တာဝန်ရှိသူများမှ စစ်ဘေးရှောင်ပြည်သူလူထုများနှင့် ကျောင်းသူကျောင်းသားများအား သွားရောက်တွေ့ဆုံးပြီး အခြေခံစားသောက်ကုန် များထောက်ပံ့ကူညီ

ဩဂုတ်လ (၂၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇)၊ နဘူးမြို့နယ်နှင့် ပိုင်ကျုံမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများ နှင့် ကျောင်းသူကျောင်းသားများထံသို့ ကေအဲန်ယူ−ဖားအံခရိုင်တာဝန်ရှိသူများမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း သွားရောက်တွေ့ဆုံခဲ့ပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်ဥ၊ ပဲ၊ ခေါက်ဆွဲ၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်နီ၊ အချိုရည် နှင့် မုန့် တို့ ကို အိမ်ထောင်စု ပေါင်း (၁၁၅၉) စုရှိ လူဦးရေးစုစုပေါင်း (၆၁၁၃) ဦးအတွက်ထောက်ပံ့ကူညီပေးခဲ့သည်။

သတင်းအရင်းအမြစ်− ဖားအံခရိုင်−သတင်းနှင့်ပြန်ကြားရေး။