စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ကျုံဒိုးမြို့နယ် ကရင်အမျိုးအသား အစည်းအရုံး မှ ကြီးမှူးကျင်းပသည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနား


သြဂုတ်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။


ကျုံဒိုးမြို့နယ် ကရင်အမျိုးအသားအစည်းအရုံး မှ ကြီးမှူး၍ သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ကရင်အမျိုးသား အာဇာ နည်နေ့ အခမ်းအနားအား ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ထီးစောရှီးနီတွင် ဂုဏ်ပြုကျင်းပခဲ့သည်။ ၎င်းအခမ်း အနားမှ မြို့နယ်ခေါင်းဆောင်များ၊ ဧည့်သည်တော်ခေါင်းဆောင်များ၊ မဟာမိတ် ခေါင်းဆောင် များ နှင့် ပြည်သူသူလူထု စုစုပေါင်း ဦးရေ (၅၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အပိုင်း နှစ်ပိုင်းဖြင့် ဂုဏ်ပြု ကျင်းပခဲ့သည်။ ပထမ အပိုင်းမှာ ကျုံဒိုးမြို့နယ် KNPF−ကရင်အမျိုးသားရဲတပ်ဖွဲ့မှူး စောဒီမို မှ အမိန့်ပေးပြီး ကရင်အမျိုးသားအလံတော် နှင့် တိုင်းပြည် နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့သော ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ အာဇာနည်သူရဲကောင်းများသို့ ဦးညွတ်အလေးပြုခြင်း နှင့် လွမ်းသူပန်းခွေများဖြင့် ဂါရဝပြုခြင်း တို့ဖြစ်သည်။

ထိုနောက် ဒုတိယပိုင်းမှာ ကျုံဒိုးမြို့နယ် KNPF - ကရင်အမျိုးသားရဲတပ်ဖွဲ့မှူး စောဒီမို မှ အမိန့်ပေးပြီး ကရင်အမျိုးသားအလံတော် နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့သော ကရင် အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အာဇာနည်သူရဲကောင်းများသို့ ဦးညွတ်အလေးပြုခြင်း၊ ကေအဲန်ယူ - ကျုံဒိုးမြို့နယ် ဥက္ကဌ ပဒိုမန်းကြာညို မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ကေအဲန်ယူ-ဗဟိုမှ ပေးပို့လာသော သဝဏ်လွှာအား ဖြတ်ကြားခြင်း၊ တော်လှန်ရေး သီချင်း အမျိုးသားသီချင်းများဖြင့် သီဆိုဂုဏ်ပြုခြင်း၊ ဆရာတော်၊ သိက္ခာတော်နှင့် မဟာမိတ် ခေါင်းဆောင်များမှ ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ တော်လှန်ရေးအတွက် အသက် သွေးချွေး ပေးဆပ်ခဲ့သော တော်လှန်ရေးမှ အနားယူသွားသော ကရင့်တော်လှန်ရေးသမားဟောင်းများ အား ဂုဏ်ပြုခြင်း၊ ကေအဲန်ယူ - ကျုံဒိုးမြို့နယ် အတွင်းရေးမှူး စောဆယူမူး မှ ဂုဏ်ပြုခံ တော်လှန်ရေး သမားဟောင်းများသို့ ဂုဏ်ပြုစကားပြောကြားခြင်း၊ ဂုဏ်ပြုခံ တော်လှန်ရေးသမားဟောင်း တစ်ဦးမှ ဂုဏ်ပြုစကား ပြောကြားခြင်း၊ ကရင်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲမှ ဆုရ အသင်းများအား ဆုချီးမြှင့်ခြင်း၊ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဌ စရဲရင့်အောင်မှ ကျေးဇူးတင် စကားပြောကြားခြင်း၊ KNDO−ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၆) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မန်းညွန့်မောင် မှ အမှာစကားပြောကြားကြာကာ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် စုပေါင်းသီဆို ရုပ်သိမ်း ခဲ့သည်။

၎င်းအကြောင်းအရာ နှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ−ကျုံဒိုးမြို့နယ်မှ ပေးပို့ထားခြင်းဖြစ်သည်။


သတင်းအရင်းအမြစ− ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။