စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင် ခေါင်းဆောင်များ နှင့် တပ်မဟာ ခေါင်းဆောင်များမှ ကြီးမှူ၍ (၇၃) နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့အား ဂုဏ်ပြုကျင်းပ

သြဂုတ်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ဒူးပလာယာခရိုင် ခရိုင်ခေါင်းဆောင် နှင့် တပ်မဟာ ခေါင်း ဆောင်များမှ ကြီးမှူး၍ သြဂုတ်လ (၁၂) ရက်နေ့ တွင် ကျရောက်သော (၇၃) နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားအား ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် နို့တကောမြို့နယ် မယ်က္ကသ ကျေးရွာ အုပ်စုတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားအား ဝင်းရေးမြို့နယ် မက္ကသကျေးရွာအုပ်စု၊ နို့တကောမြို့နယ် မက္ကသကျေးရွာအုပ်စု နှစ်စုပေါင်း နှင့် ခရိုင်ခေါင်း ဆောင်များ၊ တပ်မဟာ ခေါင်းဆောင်များ၊ မဟာမိတ် ခေါင်းဆောင်များ နှင့် ကျောင်းသူကျောင်းသား စုစုပေါင်း လူဦးရေ ၅၀၀ ကျော် တက်ရောက်ဂုဏ်ပြုခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးမှ အစီအစဥ်များ ဖတ်ကြားခြင်း၊ ကရင်အမျိုးသား အလံတော် နှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့သော ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ အာဇာနည်သူရဲကောင်းများသို့ ဦးညွတ်အလေးပြုခြင်း၊ ဗဟိုမှ ပေးပို့လာသော သဝဏ်လွှာ များအား ဖတ်ကြားခြင်း၊ လွမ်းသူပန်းခွေများဖြင့် ဂါရဝပြုခြင်း၊ တပ်မဟာ ခေါင်းဆောင် နှင့် မဟာမိတ် ခေါင်းဆောင်များမှ အားပေးဂုဏ်ပြု အမှာစကား ပြောကြားခြင်း၊ ကျောင်းသူကျောင်းသာများမှ တော်လှန်ရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ပြီး ဒူးပလာယာခရိုင် အတွင်းရေးမှူး မှ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ အမှာစကားများနှင့်အတူ အာဇာနည်ခေါင်းဆောင် များ၏ ရပ်တည်ပြောဆို လုပ်ဆောင်ခဲ့သော အရာများအား ပြန်လည်သုံးသပ် သတိရစေပြီး မိမိတို့မှ ပုခုံးပြောင်းတာဝန်ဖြင့် ဆက်လက်ယူဆောင် အရောက်ချီတက်ဖို့ရန် တိုက်တွန်းနိုးဆော်၍ ကရင် အမျိုးသား သီချင်းဖြင့် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။


သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။