စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

(၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့နေ့ကို ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ် (KNDO-HQ) မှ ဦးစီးကျင်းပပြုလုပ်


ဇူလိုင်လ (၁၇) ရက် ၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ကို ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO)မှ ၎င်း၏ဌာနချုပ်နေရာတွင် ဦးစီး၍ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ထိပ်ပိုင်းခေါင်း ဆောင်များ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ မဟာမိတ်တပ်ဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ဂုဏ်ပြု ခဲ့ပါသည်။

(၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားအစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး၊ ရုံးထိုင်မှူး-(၁) ဗိုလ်မှူးကြီးစောနေဒိုမူး နှင့် ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဆရာမနော်အယ်ဖောဝါး တို့မှဦးဆောင်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ် ဗိုလ်ရဲဗိုလ်မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော်နှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် တိုင်းသူပြည်သားများကို အလေးပြုခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ ကေအဲန်ယူ− ကရင်အမျိုးသား အစည်းအရုံး၏ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ပေးပို့သော သဝဏ်လွှာကို ဗဟိုအလုပ်အမှုဆောင် ကောမတီဝင် ပဒိုစောလာအယ်မူးမှ ဖတ်ကြားပြီး ဗဟိုအမြဲတမ်း ကောမတီဝင် ပဒိုစောသမိန်ထွန်းမှ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြောကြားခဲ့ပါသည်။

ထို့မှတစ်ဖန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ တွဲဘက်အထွေထွေအတွင်းရင်းမှူး−(၂) ပဒိုစောလှထွန်း နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး စောလာဖောမှ ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ပါသည်။ သဝဏ်လွှာဖတ်ကြားခြင်းအစီအစဉ် တွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ ကရင်အမျိုးသမီးအစည်းအရုံးမှ ပေးပို့သောသဝဏ်လွှာကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဆရာမနော်အယ်နီအောင်မှ ဖတ်ကြားခဲ့ပြီး ကရင်လူငယ်အစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာကို ကရင်လူငယ်အစည်းအရုံး ဗဟို၏ အတွင်းရေးမှူး စော Golden မှ ဖတ်ကြားခဲ့ပါသည်။

ထို့အပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်မှ ရဲဘော်များ၊ မျိုးဆက်သစ်ကျောင်း (N.G.L.P)၊ ဧမာနွေလကျောင်း၊ သံပုရာခြံကျောင်း နှင့် ဖူးဘိုမြ ကျောင်းမှ ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုတေးသီချင်းများဖြင့် အသီးသီး သီဆိုကပြဂုဏ်ပြုပေးခဲ့ကြပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ရုံးထိုင်မှူး-(၂) ဗိုလ်ချုပ် ဆာထူဂေါ် မှ (၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့သို့ တက်ရောက်လာသောသူများကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားအစီအစဉ်ကို ကရင်အမျိုးသားသီချင်း သီဆိုခြင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။