စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဆောထိမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၂) စုတွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပပြုလုပ်


ဇူလိုင်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ် အတွင်းရှိ လိုခီးကျေးရွာ အုပ်စုနှင့် အင်းဗလာကျေးရွာအုပ်စုတို့တွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပပြုလုပ်ခဲ့သည်။

ကေအဲန်ယူ−ဆောထိမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ လိုခီးကျေးရွာ အုပ်စု လိုထာကျေးရွာတွင် ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် ကရင်အ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ အခမ်း အနားတွင် သဘာပတိအဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်ကြီး စောမူးကပေါ်ထူး၊ အခမ်းအနားမှူးအဖြစ် ထူးလူအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နော်ခရစ္စတီးနား တို့မှလုပ်ဆောင်ခဲ့ပြီး KNU ဗဟိုဌာနချုပ် နှင့် KNDO ဗဟိုဌာနချုပ် မှ ပေးပို့လာသော KNDO နေ့ သဝဏ်လွှာများအား တပ်ရင်း (၇) ၏ ကိုယ်စားလှယ် ဗိုလ်စောအယ်ဂေး နှင့် ဆောထိမြို့နယ် ကိုယ်စားလှယ် ပဒိုစောအယ်ဖိုးတို့မှ ဖတ်ကြားခဲ့သည်။ အခမ်း အနားသို့ ဒေသခံပြည်သူစုစုပေါင်း (၆၃) ဦး တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

ကေအဲန်ယူ−ဆောထိမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အင်းဗလာကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ် သော (၇၆) နှစ်မြောက် ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ အခမ်းအနားသို့ ခလယ်လွီထူ ခရိုင် ကိုယ်စားလှယ် ပဒိုစောဂျိုးဂျိုး၊ မြို့နယ် ကိုယ်စားလှယ် ပဒိုစောအယ်စတား၊ တပ်ရင်း (၇) မှတာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိခေါင်းဆောင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ကျော် တက်ရောက်ဂုဏ်ပြခဲ့ကြသည်။ အခမ်းအနား၏ ပထမပိုင်းအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိယပိုင်း အဖြစ် ဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ကြသည်။

ပြည်သူလုထုများမှာ အောက်ပါ အကြောင်းအရာပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ (၁) ကျောင်းတက်ချင်တယ် (၂) လွတ်လပ်စွာနေချင်တယ် (၃) လူမှုဘဝလုံခြုံမှုပေးပါ (၄) အာဏာရှင်စနစ်ဖျက်သိမ်းရေး ၂၀၀၈ ခြေဥဖျက်သိမ်းရေး ဖက်ဒရယ်ဥပဒေပပေါ်ထွန်းရေး ပြည်သူ့အာဏာထူထောင်ရေး (၅) စစ်မက်စုံနေရာများသတ်မှတ်ထားရှိရေး ပြည်သူအားပစ်မှတ်ထားကျေးရွာပစ်ခတ်မှုရပ်တန့်ရေး လူထုသွားလာခြင်း အားနှောက်ယှက်ခြင်းများရပ်တန့်ရေး ကျေးရွာအတွင်းလက်နက်ကြီးပစ်ခတ်မှုများရပ်တန့်ရေး တို့ဖြစ်ကြသည်။


သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။