စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကရင်လူငယ်အစည်းအရုံး (KYO) မှ ဦးဆောင်ပြီး နွေရာသီလူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်း (S.Y.C) ပြုလုပ်ပြီးစီး

မေလ (၂၈) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း ကရင်လူငယ်အစည်းအရုံး (Karen Youth Organization- KYO) မှဦးဆောင်ပြီး ၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့မှ မေလ (၂၃) ရက်နေ့အထိ နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း (Summer Youth Camp-SYC)အား ကျင်းပပြုလုပ်ခဲ့သည်။

SYC ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်သည် မျိုးဆက်သစ်ကရင်လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နှင့် ကရင့်တော်လှန်ရေးအခြေအနေ၊ ကရင်နိုင်ငံ ရေးအခြေအနေ ကရင်လူမျိုးများရုန်းကန်းလှုပ်ရှား ဆောင်ရွက်ခဲ့ရမှုအခြေအနေကို သိရှိနားလည်းစေရန်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရာတွင် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့်အတူ ပါဝင်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်။

သင်တန်းတွင် Karen Historical struggle, KNU Policy, Constitution, future plan and 14 Departments, Introduction to Federalism, Human Rights abuse, KWO Constitution, KYO-Constitution, The role of youth in nation building, Media အခန်းကဏ္ဍ, Enviromental & Conservation, Leadership skill တို့အပြင် ကိုယ်လက်ကြံ့ခိုင်ရေး၊ အခြေခံစစ်သင်တန်း များကိုလည်း သင်ကြားပို့ချပေးခဲ့သည်။

လူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်းသို့ ကေအဲန်ယူ-ဒူးသထူခရိုင်အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် (၄)ခု ဖြစ်သော ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်နှင့် မော်စကိုအထူးဒေသတို့မှ ကရင်လူငယ်များနှင့် ဗမာလူငယ်သင်တန်းသားများစုစုပေါင်း (၇၇) ခန့်ဦးတက်ရောက်ခဲ့ကြသည်။

သတင်းအရင်းအမြစ်- ဒူးသထူခရိုင်-သတင်းနှင့်ပြန်ကြားရေး