စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) မှ ဦးဆောင်ပြီး အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး သင်တန်း ပို့ချပြီးစီး

ဇွန်လ (၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) တွင် ခလယ်လွီထူခရိုင် အမျိုးသမီးအစည်းအ ရုံး (K.W.O) မှ ဦးဆောင်ပြီး အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ၂၀၂၃ ခုနှစ် မေလ-၂၉ရက်နေ့မှ ဇွန်လ-၂ ရက်နေ့အထိ တပတ်ကြာ သင်ကြား ပို့ချခဲ့သည်။ သင်တန်းတွင် ခလယ်လွီထူခရိုင် ကရင်မျိုးသမီးအစည်းအရုံး (K.W.O)၏ ခေါင်းဆောင် (၇) ဦးမှ ပို့ချခဲ့ပြီး မူး၊ ဆောထိ၊ လယ်ဒိုမြို့နယ်တို့မှ အမျိုးသမီးစုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့သည်။

သင်တန်းပို့ချခြင်း၏ရည်ရွယ်ချက်မှာ အဆင့်ဆင့်သော ကရင်အမျိုးသမီးအစည်းအရုံး၏ ဦးဆောင်မှု စွမ်းရည်မြှင့်တင်ရန်၊ အဆင့်ဆင့်သောပူးပေါင်းဆောင် ရွက်မှု အားကောင်းရန်၊ တရားဥပဒစိုးမိုးရေး အားကောင်းလာစေရန်အတွက် မိမိတို့၏ အရပ်ဒေသအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဖြစ်သည်။

သင်တန်းတွင် ပို့ချသည့် ခေါင်းစဉ်များမှာ (၁)ကရင်အမျိုးသမီးအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂)တရားဥပဒေစိုးမိုးရေး၊ (၃)အမျိုးသမီးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ (၄)လူ့အခွင့်အရေး၊ (၅)အမျိုးသမီး အခွင့်အရေး၊ (၆)ကလေးသူငယ်အခွင့်အရေး၊ (၇)အမျိုးသမီးနှင့်ဦးဆောင်မှု၊ (၈)မိခင်နှင့် ကလေး ကျန်းမာရေး၊ (၉)မူးယစ်ဆေးဝါးအထူးအက်ဥပဒေ၊ (၁၀)ပြုစားခြင်းဆိုင်ရာအထူးအက်ဥပဒေ စသည်တို့ ဖြစ်သည်။

သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။