စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကော်သူးလေ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင်တင်ရေး သင်တန်း ကျင်းပပြီးစီး

ဇွန်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေအုပ်ချုပ်လုပ်ငန်းများ ပိုမိုကောင်းမွန် လာရေး အတွက်ရည်ရွယ်၍ လိုအပ်သောစွမ်းရည်များ မြှင့်တင်ဖြည့်တင်းရန်ရည်ရွယ်၍ မြောက်ပိုင်း (၃) ခရိုင်မှ ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာ အရာရှိများအား “ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့် ခွဲရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲသင်တန်းကို မူတြော်ခရိုင်တွင်းတစ်နေရာတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။

နှစ်ပတ်ကြာပြုလုပ်ခဲ့သည့် သင်တန်းကို တောအူး၊ ခလယ်လီထူး၊ မူတြော်စသည့် ခရိုင် (၃) ခု အတွင်းရှိ မြို့နယ် (၈) ခုမှ ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာ တာဝန်ခံများအပါအဝင် စုစုပေါင်း (၃၂) ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ အထွေထွေအုပ်ချုပ်ရေး နှင့်ပြည်သူ့ရေးရာစီမံခန်ခွဲရေး၊ စီးပွါးရေးနှင့် သဘာ၀ သယံဇာတဆိုင်ရာစီမံအုပ်ချုပ်ရေး၊ တရားရေးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေး စသည့် အဓိကခေါင်းစဥ်ခွဲ (၄) ရပ်ကို လေ့လာ သင်ယူခဲ့ကြသည်။

ထို့အပြင် လက်တွေ့မြေပြင်အခြေအနေ၊ စိန်ခေါ်မှုများ၊ မျှော်မှန်းချက်များနှင့်လည်း ချိန်ထိုး၍ ဆွေးနွေး မှုများ၊ အဖြေရှာမှုများလည်းပြုလုပ်ခဲ့ကြသည်။ ဤ သင်တန်းဖြစ်မြှောက်ရေးကို ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံးနှင့် School of Governance and Public Administration (SGPA) တို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင် မေလကကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ကွန်ကရက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် ၂၁ ချက်တွင်လည်း အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ စီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းစဉ်များချမှတ်ဆောင် ရွက်ရေးတို့ ပါ၀င်သည်ဖြစ်သည်။

ဓါတ်ပုံ− ကော်သူးလေ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင်တင်ရေး သင်တန်းပုံရိပ်များ။