စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင်၊ ဝင်းရေး မြို့နယ် တွင် (၇၄) နှစ်မြောက် ကော်သူးလေ တပ်မတော်နေ့အား ကျင်းပပြုလုပ်

ဇူလိုင်လ (၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေး မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၅) ရက် နေ့၌ ကျ ရောက်သည့် (၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ အခမ်းအနားကို ဒူးပလာယာခရိုင်ရှိ ဌာနအသီးသီးမှ တာ၀န်ရှိသူများနှင့် ကျေးရွာလူထုများမှ စုပေါင်းကျင်းပပြုလုပ်သွားကြောင်း သိရသည်။

အခမ်းအနားတွင် ကေအဲန်ယူ−ဗဟိုမှ ပေးပို့လာသည့် ကော်သူးလေတပ်မတော်နေ့ သဝဏ်လွှာအား ရှင်းလင်းဖတ်ကြားပြီးနောက် ကရင့်တော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များနှင့် ခေါင်းဆောင်များအား အောက် မေ့ဂုဏ်ပြု အလေးပြုခြင်းနှင့် ကော်သူးလေတပ်မတော် ဖြစ်တည်လာခဲ့သည့် သမိုင်းအကြောင်းအရာများကိုလည်း ဝင်းရေးမြို့နယ် ဥက္ကဌ ပဒို စောမောင်ရွှေ မှ အခမ်းအနားတွင် ရှင်းလင်း ပြောကြားသွားခဲ့ကြောင်း သိရသည်။

၁၉၅၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ မောကို(ဆောထိမြို့နယ်)တွင် ပြုလုပ်သည့် ကရင်တစ်မျိုးသားလုံးဆိုင်ရာ ကွန်ကရက်တွင် ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာစီမံချက်များကို ကိုယ်စာလှယ် ခေါင်းဆောင် ကြီးများမှ အတည်ပြုခဲ့ကြပြီး ဖွဲ့စည်းပုံနှင့် စုဖွဲ့မှုများကို ပြင်ဆင်မွန်းမံခဲ့ကြသည့် ဇူလိုင်လ (၅) ရက်နေ့ကို အစွဲပြုပြီး ကော်သူးလေတပ်မတော်နေအဖြစ် အတည်ပြုခဲ့ကြပြီး ယနေ့ထက်တိုင် ဂုဏ်ပြုကျင်းပလေ့ရှိကြသည်။ သို့ရာတွင် ခေတ်စနစ်နှင့် နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်လာမှုကြောင့် ကော်သူးလေတပ်မတော်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖြစ် ပြောင်းလဲကာ အသိအ မှတ်ပြုခေါ်ဝေါ်ခဲ့ကြပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံ၏ ဦး ဆောင်မှုအောက်တွင် ကရင်လူထုအကျိုးအတွက် (၇၄) နှစ်တိုင်လာသည်အထိ ရပ်တည်လာခဲ့ကြသည့် ကရင်လူထုတစ်ရပ်လုံး၏ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။

ဤအကြောင်းအရာနှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ−ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်မှ ပေးပို့ထားခြင်း ဖြစ်ပါသည်။

သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။