စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်လူငယ်များမှ ဦးဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ (Karen Youth Consultation) တစ်ရပ် ကျင်းပပြုလုပ်

ဒီဇင်ဘာလ ၅ရက် ၂၀၂၃ ခုနှစ် ကေအဲန်ယူ - ဗဟို

ကရင်လူငယ်များ မှ ဦးဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ (Karen Youth Consultation) တစ်ရပ် ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာဘာလ ၂၉မှ ဒီဇင်ဘာလ ၁ရက်နေ့အထိ ၃ ရက်တာ ကို KNDO စစ်ဌာနချုပ် မူအေပူ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤလူငယ်တွေ့ဆုံဆွေးနွေးပွဲတွင် KYO ကရင်လူငယ် အစည်းအရုံး အပါအဝင် ကရင်လူငယ် အဖွဲ့အစည်းပေါင်း (၁၄) ဖွဲ့မှာ လူငယ်ခေါင်းဆောင် ၈၅ ဦးတက်ရောက်ခဲ့ပြီး KNU ကရင်အမျိုးသား အစည်းအရုံးမှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကောင်မတီဝင် ပဒိုအယ်ကလူစေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုပိုပိုထူးအောင်၊ KNLA ကရင်အမျိုးသား လွှတ်မြောက် ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ နှင့် KNDO ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ တို့မှ တက်ရောက်အားပေးခဲ့ပါသည်။

၃ ရက်တာ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသော လူငယ်အဖွဲ့အစည်းအသီးသီးမှ လှုပ်ရှားဆောင်ရွက်မှုများကို တင်ပြခြင်း၊ ၁၀ နှစ်တာ ကရင်လူ ငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်အကြံပြုခြင်း၊ လက်ရှိနိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်းနှင့် ရှေ့ဆက် ကရင်လူငယ်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် လှုပ်ငန်းစဥ်များလည်း ချမှတ်ခဲ့ကြပါသည်။