စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကေအဲန်ယူ-ကရင်အမျိုးသာအစည်းအရုံး(ဗဟို)ဌာနချုပ်၌ နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်ပြည်သူများနှင့် ပြန်လည်တွေ့ဆုံခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဒီဇင်ဘာလ (၂၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

နိုင်ငံတကာရောက် ကရင်အမျိုးသားခေါင်းဆောင်များ၊ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင် ပြည်သူများနှင့် ပြန်လည်တွေ့ဆုံခြင်း အခမ်းအနား အား ကေအဲန်ယူ-ကရင်အမျိုးသာအစည်းအရုံး(ဗဟို) ဌာနချုပ်၌ ဒီဇင်ဘာလ(၂၁) မှ (၂၂) ရက်‌နေ့ ထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား ကရင်အမျိုးသားအလံတော်အားအလေးပြုခြင်း နှင့် ကရင့်တော်လှန်ရေးအတွင်း မြင့်မြတ်စွာ အသက်ပေးခဲ့ကြသည့် ရဲဘော်များ၊ ပြည်သူများနှင့် အာဇာနည်ခေါင်းဆောင် များတို့အား ဂါရဝပြု ငြိမ်သက်ခြင်း ဖြင့်စတင်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)မှ အုပ်ချုပ်‌ရေး ဘက်ဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များ၊နိုင်ငံတကာရောက် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့ စည်း ခေါင်းဆောင်များ နှင့် ကရင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

“ဒီမှာရှိတဲ့ ကရင်လူမျိုးတွေအနေနဲ့‌ကော နိုင်ငံရပ်ခြားမှာရှိနေတဲ့ကရင်လူမျိုးအနေနဲ့ကော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကချမှတ်ထားတဲ့ မူဝါဒ အတိုင်း ကရင်လူမျိုးများအားလုံး မျှော်မှန်း ထားတဲ့ ပန်းတိုင် ရောက်ရှိအောင် အတူတကွလက်တွဲပြီး လျှောက်လှမ်း ကြဖို့အရမ်းအရေးကြီးတယ်။ နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ကရင်တွေအနေနဲ့ အမြဲရှိနေတဲ့ လခသ၊ သဝခ၊ တပ်မဟာ အခြားသော မြို့နယ် မှာရှိတဲ့အဖွဲ့အစည်းအတွင်းက ခေါင်းဆောင် များ တွေ့ဆုံရတာဟာ ကရင်အမျိုးသားအစည်း အရုံးရဲ့ လုပ်ဆောင်မှုသတင်း အခြေအနေ နိုင်ငံရေး၊စစ်ရေး ၊တိုက်ပွဲများ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ အခြေအနေများကိုသိစေလိုတာကြောင့်” ဖြစ်သည်ဟု အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဖက် အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ပြောကြားခဲ့သည်။

အခမ်းအနားတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) အလုပ်မှုဆောင်ကော်မတီဝင် တစ်ဦး ဖြစ်သည့် ပဒို-နော်ဒါးဒါး၊ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး တရားသူကြီးချုပ် ပဒို-နော်မြိုင်ဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးချုပ်-စောတာမလာသော အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်း တို့သည် တတ်ရောက်လာသော နိုင်ငံတကာ‌‌ရောက် ကရင်အမျိုးသားခေါင်းဆောင်များ ကရင်လူမှုအဖွဲ့စည်းခေါင်းဆောင်များ၊ ကရင်ပြည်သူများအား ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။

ဓါတ်ပုံ − နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင် များ၊ ကရင်ပြည်သူများနှင့် ပြန်လည်တွေ့ဆုံခြင်း အခမ်းအနားပုံရိပ်များ။