စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဖားအံခရိုင်အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူလူထုများအား အရေးပေါ် အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်


ဒီဇင်ဘာလ (၂၂) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းသို့ စစ်ရှောင်လာသူများအတွက် အရေးပေါ်အခြေခံစားနပ်ရိက္ခာများအား ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P) ဗဟိုနှင့် ဖားအံခရိုင်တို့မှသွား‌ရောက်ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် ဖားအံခရိုင်အတွင်းသို့ စစ်‌ရှောင်လာသောပြည်သူလူထုများမှာ နဘူးမြို့နယ်တွင် (၄၄၈၉) ဦး၊ ပိုင်ကျုံမြို့နယ်တွင် (၂၆၇၉) ဦးနှင့် ဒုံရင်းမြို့နယ်တွင် (၃၅၂၀)ဦး စုစုပေါင်း (၁၀၆၈၈) ဦး ခန့်ရှိကြောင်း ဒီဇင်ဘာလဝက်အတွင်း ကောက်ခံရရှိသော စာရင်း များအရ သိရသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်များရှိရာသို့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P) ဗဟိုနှင့် ဖားအံခရိုင် ခေါင်းဆောင်များမှ ကိုယ်တိုင်ကွင်းဆင်း သွားရောက်ကြည့်ရှုကာ စစ်ဘေးရှောင် ပြည်သူလူထုများအား အားပေးစကားများ ပြောကြားခြင်း၊ ပြည်တွင်း ပြည်ပမှ ကူညီထောက်ပံ့မှုများအား ဖားအံခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှဦးဆောင်ပြီး စားနပ်ရိက္ခာ နှင့် အသုံး အဆောင် ပစ္စည်းဆိုင်ရာများ ပေးခြင်းနှင့် တစ်ခြား လိုအပ်သော ကူညီထောက်ပံ့မှုဆိုင်ရာ စသည် တို့အား ဆောင်ရွက်ပေးလျှက်ရှိနေသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ရှောင်လာသူများကို အစားအ‌သောက်နှင့် ကျန်းမားရေး‌စောင်ရှောက်မှုများလိုအပ်လျှက်ရှိပြီး လူငယ်ကလေးများအတွက် ပညာရေးနှင့်ကျောင်းသုံးပစ္စည်းများ၊ကိုယ်ဝန်‌ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ညီညွှတ်မျှတသော အစာအာဟာရနှင့် နို့မုန့်ဗူးများထပ်မံလိုအပ်လျှက် ရှိသည်။

ဓါတ်ပုံ − ဖားအံခရိုင်အတွင်းသို့ စစ်ရှောင်လာသည့်ပြည်သူလူထုများကို အရေးပေါ် အခြေခံစားနပ်ရိက္ခာ များ ထောက်ပံ့ပေးအပ်သည့် ပုံရိပ်များ။
သတင်းအရင်းအမြစ် − ဖားအံခရိုင်−သတင်းနှင့်ပြန်ကြားရေး။