စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန မှ စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ပေးနေ

ဒီဇင်ဘာလ (၁၉) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် အတွင်း ဖြစ်ပွား လျှက်ရှိနေသော နှစ်ဖက်ထိတွေ့ပစ်ခတ်မှု တိုက်ပွဲများ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြို့တွင်းနေထိုင်သည့်ပြည်သူများနှင့် ကျေးရွာတွင်းရှိ ပြည်သူများမှာ ဘေးကင်း လုံခြုံရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ တိုက်ပွဲ နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် မှ အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒူးပလာယာခရိုင် တွင် နိုဝင်ဘာလ အတွင်း စာရင်းကောက်ယူချက်အရ ထွက်ပြေး တိမ်းရှောင်နေကြရသော ပြည်သူလူထုပေါင်း (၈) သောင်း ကျော် (၉) သောင်း ဝန်းကျင် ရှိသည့်အနက် ကော့ကရိတ်မြို့နယ်တွင် (၃) သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် (၂) သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် (၂) သောင်းကျော် နှင့် နို့တကော မြို့နယ်တွင် (၂) သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း နေရာအနံ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည့် အတွက် ဒူးပလာယာခရိုင် အတွင်း စစ်ဘေးရှောင်ပြည်သူဦးနေများ ပိုမိုများပြားလာလျှက် ရှိနေသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင် ပြည်သူလူထုများကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင်မှ ၎င်းတို့အား စာရင်းများပြုစု၍ ဘေးကင်းလုံခြုံသော ဒေသသို့ နေရာများ အနံ့ ယာယီ စစ်ရှောင်စခန်းငယ်များအဖြင့် သော်လည်းကောင်း၊ ကျေးရွာများအတွင်း ဒေသခံ ရွာသားများနှင့်အတူ နေထိုင်စေ၍ သော်လည်းကောင်း ဘေးကင်းလုံခြုံရာ နေရာ အသီးသီးသို့ နေရာချထားပေးခဲ့သည်။

အရေးပေါ်အခြေအနေများအရ ထိုစစ်ဘေးရှောင် ပြည်သူများအတွက် နေရာထိုင်ခင်းများ၊ အစားအသောက် များ နှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှု များအား ကေအဲယူန် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်မှ ကြိုးစားအားထုတ် ကူညီဆောင်ရွက်ပေးလျှက်ရှိနေပြီး ပြည်တွင်းပြည်ပရှိ အလှူရှင် များမှ လှူတန်း လာပါသော ထောက်ပံ့မှုများကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လက်ခံ ကြီးကြပ်၍ ကေအဲန်ယူ-ကျန်းမာရေး နှင့် ကယ်ဆယ် ရေးဌာနအား တာဝန်ပေးအပ်ကာ လိုက်လံကူညီ ဆောင်ရွက်စေခဲ့သည်။

ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ဒုက္ခရောက် ထွက်ပြေးတိမ်းရှောင်နေကြရသောပြည်သူလူထုများရှိရာသို့ ဒူးပလာယာခရိုင် မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင် များသည်လည်း ကိုယ်တိုင်ကွင်းဆင်း သွား ရောက်ကြည့်ရှုကာ စစ်ဘေးရှောင် ပြည်သူလူထုများသို့ အားပေးစကားများ ပြောကြားခြင်း၊ ပြည်တွင်း ပြည်ပမှ ကူညီထောက်ပံ့မှုများအား ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာမှ ဦးစီး၍ စားနပ်ရိက္ခာ နှင့် အသုံးအဆောင် ပစ္စည်းဆိုင် ရာ များအား ဝေငှပေးခြင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါးများ ကုသပေးခြင်း နှင့် တစ်ခြား လိုအပ်သော ကူညီထောက်ပံ့မှုဆိုင်ရာ စသည်များအား ဆောင်ရွက် ပေးလျှက်ရှိနေသည်။

သို့ပေသည့် ဒူးပလာခရိုင်အတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများ နေ့စဥ်နှင့်အမျှ ရှိလာနေသလို စစ်ဘေးရှောင်ဦးရေစာရင်း သည်လည်း ပိုမိုတိုးများလာနေသည့်အတွက် ရရှိလာသော ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများသည် လည်း လုံလောက်မှု မရှိတော့ပဲ ၎င်းတို့အတွက် နေရာထိုင်ခင်းများ၊ စားနပ်ရိက္ခာများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ နှင့် ကုသမှု ဆိုင်ရာ စသည်များ ထပ်မံလိုအပ်နေပါသည်။

ဓာတ်ပုံ - စစ်ဘေးရှောင် ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ကေအဲန်ယူ - ဒူးပလာယာခရိုင် ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာနမှ လိုက်လံကူညီဆောင်ရွက်ပေးနေခြင်း။
သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။