စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

KYO-ကရင်လူငယ်အစည်းအရုံး ခရိုင်အဆင့် ဖလား ဘောလုံးအားကစားပွဲ ကျင်းပပြီးစီးခဲ့


ဇန်နဝါရီလ (၆)ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ (Karen Youth Organization-KYO)ကရင်လူငယ်အစည်းအရုံး ခရိုင်အဆင့် ဖလားဘောလုံး အားကစားပွဲတစ်ရပ်အား ကေအဲန်ယူ-ဘီးလင်းမြို့နယ်တွင် ခရိုင် (KYO)မှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)ဖလား ဘောလုံးအားကစားပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ-

(၁) မိိမိတို့ ကေအဲန်ယူ-ဒူးသထူ(သထုံံ)ခရိုင်ရှိ ပြည်သူလူထု၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာများနှင့် ကော်သူးလေကောလိပ်ကျောင်း၊ အထက် ကျောင်းများရှိ လူငယ်ထုများ စုစည်းကာ ရင်းနှီးမှု ရရှိစေပြီး စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းစေရန်။

(၂) နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်စွန့်ခွာ၍ မိသားစုစားဝတ်နေရေးအတွက် ပြည်ပသို့ရောက်ရှိသော လူငယ်များ အမျိုးသားရေးနှင့် ဒီမိုကရေ စီအခွင့်အရေး လိုအပ်ချက်များ သိရှိပြီး စိတ်ဝင်စားမှု ရှိစေရန်။

(၃) ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော လူငယ် အားကစားသမားများ ရွှေးချယ်ပြီး ခရိုင် ကရင်လူငယ်အားကစားအသင်း ဖွဲ့စည်းနိုင်ရန်နှင့် (၄) ပြိုင်ပွဲ တွင် ရန်ပုံငွေ ရှာဖွေကာ မိခင်အစည်းအရုံး၏ ရှေ့ဆောင်လမ်းညွန်မှုနှင့် လက်ရှိနိုင်ငံရေး အခန်းကဏ္ဍများကို မိမိတို့ စီမံအုပ်ချုပ်နယ်အမြေအတွင်းရှိ လူငယ်အင်အားဖြင့် ပိုမို လုပ်ရှားဆောင်ရွှက်နိုင်ရန် ဖြစ်သည်ဟု ခရိုင် (KYO)ဥက္ကဌ-စောလွှမ်းမိုးနိုင်မှ ပြောသည်။

ဘောလုံးပွဲအား ဒီဇင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် အခမ်းအနားကျင်းပကာ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ ဗဟို၊ခရိုင်၊ မြို့နယ်၊ ကျေးနယ် ခေါင်း ဆောင်များ၊ ခရိုင်၊ မြို့နယ် KYO-ကရင်လူငယ်အစည်းအရုံး တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မည့် အားကစားလူငယ်အသင်းများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၃၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

​ဘောလုံးပွဲတွင် အားကစားဝတ်စုံများ၊ ကရင်ရိုးရာဝတ်စုံများနှင့် ပွဲကျင်းပချိန်၌ ကွမ်း၊ ဆေးလိပ်၊ အအေး၊ ရေသန့်များကိုလည်း ခရိုင် (KYO) မှ အစည်းအ ရုံး ရန်ပုံငွေအဖြစ် ရောင်းချပေးခဲ့သည်။

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင်တွင်းရှိ ခရိုင် (KYO)၊ မြို့နယ် (၅)ခုရှိ (KYO)၊ D၉D၊ DDO၊ DJC ကော်သူးလေ ကောလိပ်ကျောင်း၊ ကြသောင်းဆိပ် ကျေးရွာ၊ ပိန္နဲတော ကျေးရွာ၊ မင်းစော ကျေးရွာ၊ PDF၊ နို့အောလာ ကျေးရွာ၊ မဲ့သဲခီးနှင့်ကြိုးဝိုင်း ကော်သူးလေ အထက်ကျောင်း တို့မှ ကိုယ်စားပြု စုစုပေါင်း ပြိုင်ပွဲဝင် အသင်း (၁၆)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပထမဆုကို ဖလားနှင့် ငွေကျပ် (၁၀)သိန်း၊ ဒုတိယဆု ငွေကျပ် (၇)သိန်း၊ တတိယဆု ငွေကျပ် (၄)သိန်းအပြင် ခြင်းလုံးပြိုင်ပွဲပါ ထည့်သွင်းခဲ့ပြီး ခြင်းပွဲတွင် ပထမဆု ငွေကျပ် (၅)သိန်း၊ ဒုတိယဆု​ ငွေကျပ်(၃)သိန်း တို့အား ပါဝင်ယှဥ်ပြိုင်ကြသည့် အသင်းများကို ပေးအပ်ချီးမြှင့် ခဲ့သည်။

ဓါတ်ပုံ − KYO-ကရင်လူငယ်အစည်းအရုံး ခရိုင်အဆင့် ဖလား ဘောလုံးအားကစားပွဲပုံရိပ်များ။
သတင်းအရင်းအမြစ် − ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။