စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုစစ်ဌာနချုပ် ၌ (MEDIC) ဆေးသင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီလ (၇) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( K.N.L.A) ဗဟိုစစ်ဌာနချုပ် စစ်ဆေးဌာန နှင့် (B.P.H.W.T) အဖွဲ့ အစည်းတို့မှ ပူးပေါင်းဆောင်ရွက် ဖွင့် လှစ်သည့် အပတ်စဥ် (၂) (MEDIC) ဆေးသင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ဗဟို)စစ်ဌာနချုပ် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ အုပ်ချုပ်ရေးဆိုင်ရာခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ အရာရှိများနှင့်ရဲ‌ဘော်များ ၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) မှ ခေါင်းဆောင်များ၊ ကျောင်းသားတပ်မတော် (ABSDF) မှ အရာရှိများ/ရဲ‌ဘော်များ (NGLP) မျိုးဆက် သစ် ကျောင်းမှ ကျောင်းသူကျောင်သားများ တတ်‌ရောက်ခဲ့ကြပြီး (ဒေါက်တာ) ကိုကိုနိုင်မှ အဖွင့်မိန့်ခွန်းစကား ပြောကြားခြင်းဖြင့် အခမ်းအနားအစီအ စဥ်အား စတင်ခဲ့သည်။

ဆက်လက်ပြီး ဆေးသင်တန်းတွင်အောင်မြင်ခဲ့သည့် သင်တန်းသား (၁၈) ဦး နှင့် သင်တန်းသူ (၂၂) ဦး စုစုပေါင်း (၄၀) ဦးအား သက်ဆိုင်ရာတာဝန်ရှိသူ များမှ သင်တန်းအောင်လက်မှတ် ဂုဏ်ပြုချီးမြင့်အပ်နှံခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ခေါင်းဆောင်များ,အရာရှိများ ဖြစ်ကြသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး(ဗဟို) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)-ပဒိုစောလှထွန်း၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး(ဗဟို) ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန ဌာနမှူး-ပဒိုစောဒိုင်းမွန်းခင်၊ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်(K.N.L.A) ဗဟိုစစ်ဌာနချုပ် တွဲဖက်စစ်ရေးချုပ်−ဗိုလ်မှူးချုပ်မန်းဖန်းလုံ့ဟိန်း၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုစစ်ဌာနချုပ် စစ်ဆေးဌာနတာဝန်ခံ− ဗိုလ်မှူးကြီး နော်စေးဒေးကဲ၊ (KNLA) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၇) ဆေးဌာန တာဝန်ခံ - ဗိုလ်ကြီးစောအဲမှီ ၊ ကရင်နီအမျိုးသားအစည်းလုံးညီညွတ်‌ရေးအဖွဲ့ (KNSO) မှ စောမူးလာ တို့သည် ကျောင်းသူ/ကျောင်းသားများ အား ဂုဏ်ပြုချီးမွမ်းအားပေးစကားပြောကြားခဲ့ပါသည်။

ဓါတ်ပုံ − ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုစစ်ဌာနချုပ် ၌ (MEDIC) ဆေးသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သောပုံရိပ်များ။