စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

မော်ပယ်ခိုတွင် ကျင်းပြုလုပ်ခဲ့သော (၂၇၆၃) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း တက်ရောက်


ဇန်နဝါရီလ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်ဘွဲမြို့နယ်၊ တပ်ရင်း (၂၁) နယ်မြေ မော်ပယ်ခိုကျေးရွာတွင် ပြုလုပ်သော ၂၇၆၃ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူး နေ့အခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ခေါင်းဆောင်များ၊ ဖားအံခရိုင်မှ ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ တပ်ဗိုလ်တပ်မှူးများ နှင့် ဒေသခံ ပြည်သူလူထု စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ဂုဏ်ပြုကျင်းပခဲ့ကြသည်။

ဓါတ်ပုံ − မော်ပယ်ခိုတွင် ကျင်းပြုလုပ်ခဲ့သော (၂၇၆၃) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားပုံရိပ်များ။