စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ခရိုင် (C.I.D.K.P)မှ ဦးဆောင််််ပြီး (၂)ရက်တာ "လူထုအုပ်ချုပ်ရေး အသိပညာပေး" (Community Governance Skill Training) သင်တန်း ပြုလုပ် ပြီးစီးခဲ့


ဇန်နဝါရီလ (၂၁)၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်တွင် ခရိုင်အဆင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (C.I.D.K.P)မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်မှ (၁၉)ရက်နေ့အထိ (၂)ရက်တာ "လူထုအုပ်ချုပ်ရေး အသိပညာပေး" ရက်တို သင်တန်းအား ကေအဲန်ယူ−ဘီးလင်းမြို့နယ်တွင် ပြုလုပ် ပြီးစီးခဲ့သည်။

သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကေအဲန်ယူ−ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေရှိ ကျေးရွာ များမှ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့် ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး၏ ချမှတ်ထားသော ဥပဒေ၊ စည်းမျဥ်းစည်းကမ်း၊ မူဝါဒ၊ လမ်းစဥ် လုပ်ငန်းစဥ်များနှင့်အညီ မိမိကျေးရွာဒေသတွင် အဘက် ဘက်မှ ဖွံ့ဖြိုးရေးအတွက် ချိတ်ဆက်လုပ်ဆောင်မှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် လုပ်ထုံးလုပ်နည်းများအား သိရှိနားလည်ကာ ပြန်လည်အကျိုးပြု၍ လုပ်ဆောင်နိုင်ရန် နှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူနေမှုစနစ် တည်ဆောက်နိုင်ရန်အတွက်ဖြစ်သည်ဟု ခရိုင်ဥဣဌ−ပဒိုစောစိုးမြင့် မှပြောသည်။

ထိုသင်တန်းသို့ ခရိုင်၊ မြို့နယ် ခေါင်ဆောင်များ၊ (C.I.D.K.P)၊ KYO တာဝန်ရှိ ခေါင်းဆောင်များ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်ရှိ ရွာ (၁၅)ရွာမှ တစ်ရွာ ကိုယ် စားလှယ် (၂) ဦးစီတက်ရောက်၍ အခမ်းနားဖွင့်လှစ်ခဲ့ကာ "လူထုအုပ်ချုပ်ရေး အသိပညာပေး" (Community Governance Skill Training) ခေါင်းစဥ် ဖြင့် သင်တန်းကို ဗဟို သင်တန်းဆရာ စောထရူးမန်းမှ သင်တန်းပို့ချပေးခဲ့ပြီး စုစုပေါင်း လူဦးရေ (၃၀)ကျော် တက်ရောက်ခဲ့သည်။

ဓါတ်ပုံ − ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သော"လူထုအုပ်ချုပ်ရေး အသိပညာပေး" ရက်တို သင်တန်း ပုံရိပ်များ။

သတင်းအရင်းအမြစ် − ဒူးသထူခရိုင် သတင်းနှင့်ပြန်ကြားရေး။